ကံမမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Mask Campaign ပြုလုပ်ဆောင်ရွက်
Jul 05,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေး နေအိမ်ပြင်ပထွက်လျှင် နှာခေါင်းစည်း (Mask)တပ်ဆင်သည့် အလေ့အထ ဖြစ်စေရန် ရည်ရွယ်ပြီး ယနေ့ နံနက် ၇ နာရီက ကံမမြို့၊ မြို့မဈေး၊ မြို့လယ် လူစည်ကားရာ လမ်းဆုံနှင့်မြို့အဝင်ဂိတ်တို့တွင် Mask Campaign ပြုလုပ်ခဲ့ကြောင်းသိရသည်။