သတင်းများ

မိုင်းပန်မြို့နယ်တွင် RDT Test Kit ဖြင့် စစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၂) ဦး၏ အတူနေ မိသားစုဝင်များအား ထပ်မံစစ်ဆေးရာ (၆)ဦး၌ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိ
Jul 05,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ယမန်နေ့ က မိုင်းပန်မြို့၊ အလယ်ရပ်ကွက်နေထိုင်သူ ကိုဗစ်-၁၉ ရောဂါလက္ခဏာ သံသယလူနာ (၃) ဦးအား RDT Test Kit ဖြင့် စစ်ဆေးရာ (၂) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရာ ယနေ့နံနက် (၉) နာရီခွဲအချိန်ခန့် က ၎င်းတို့၏ နေအိမ်၌ အတူနေမိသားစုဝင် (၇) ဦးအား RDT Test Kit ဖြင့် ထပ်မံစစ်ဆေးခဲ့ပြီး မိသားစုဝင် (၆) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ လူနာသစ် (၈၆)ဦးထိ ရှိလာ
Jul 05,2021
မန္တလေးတိုင်းဒေသကြီး ၊ သာစည်မြို့နယ်တွင် ဇူလိုင်၃ ရက်က ကိုယ်အပူချိန်မြင့်တက်နေခြင်းနှင့် အနံ့ပျောက်ဆုံးသည့် သံသယလူနာများအား မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် RTD test kit ဖြင့် စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိသူ (၁၃) ဦး ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
သာစည်မြို့မဈေးကြီး၌ Mask Campaign ပြုလုပ်
Jul 05,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ်-၁၉ ရာဂါ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီက လူစည်ကားရာနေရာဖြစ်သော သာစည်မြို့မဈေးကြီး၌ ပါးစပ်နှင့်နာခေါင်းစည်း(surgical mask)များဖြန့်ဝေပြီး စနစ်တကျတပ်ဆင်ပြီးမှသွားလာကြရန်အသိပညာပေးခြင်း Mask Campaign ကိုဇူလိုင် ၅ ရက်နံနက်ပိုင်းကပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းတုံမြို့၌ သတ္တမအကြိမ်မြောက် အသံမစဲ အဘိဓမ္မာ (၇) ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ ပိတ်ပွဲကျင်းပ
Jul 05,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၌ သတ္တမအကြိမ်မြောက် အသံမစဲ အဘိဓမ္မာ(၇)ကျမ်းရွတ်ဖတ် ပူဇော်ပွဲပိတ်ပွဲကို လွယ်ခမ်းလုံအုပ်စုရှိ ထေရဝါဒဗုဒ္ဓသာသနာပြု(၆)မိုင်‌ ဘုန်းကြီးကျောင်းတွင် ယမန်နေ့ နံနက် (၉)နာရီခွဲ က ကျင်းပခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါပိုးတွေ့လူနာ(၁၄)ဦး ထပ်မံတွေ့ရှိ
Jul 05,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ယမန်နေ့က ကိုဗစ်− ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ(၁၄)ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ     သိရသည်။
မိုးနဲမြို့ ဥယျာဉ်ရပ်ကွက်နှင့် နောင်ကျော့ရပ်ကွက် ရပ်ကွက်ချင်းဆက်လမ်း အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်
Jul 05,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက်နှင့် နောင်ကျော့ရပ်ကွက် ရပ်ကွက်နှစ်ခုဆက်သွယ်ထားသော ကံ့ကော်လမ်းအား လမ်းသားချဲ့ထွင်ခြင်း နှင့်လမ်းအဆင့်မြှင့်တင်ခြင်းကို မိုးနဲမြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် လျာထားရန်ပုံငွေမှ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန၏ ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရမည်းသင်းခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 05,2021
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ် မြို့မဈေးကြီးအတွင်း နှာခေါင်းစည်း တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် ကိုယ် အပူချိန်တိုင်းတာ‌ပေးခြင်း ဆောင်ရွက်
Jul 05,2021
ရန်ကုန်‌တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုများ မရှိစေရေးနှင့် ကူးစက်ရောဂါအား ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်း ဈေးရောင်းချသူများနှင့်‌ ဈေး၀ယ်သူများအားနှာခေါင်းစည်း Mask တပ်ဆင်သွား လာရေးအသိပညာပေးခြင်း၊ နှာခေါင်းစည်းများ (အခမဲ့) ဖြန့်ဝေခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာပေးခြင်း လုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။