သတင်းများ

ကျောက်ထုမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာလုပ်ငန်းများ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း အခမဲ့ဆောင်ရွက်ပေး 
Jul 05,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ကျောက်ထုမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ လုပ်ငန်းများအား ကျောက်ထုမြို့ရှိ ( လ - ဝ- က ) ဦးစီး မှူးရုံး၌ ပန်းခင်းစီမံချက်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို ဇူလိုင် ၂ ရက်နေ့နှင့် ၃ ရက် နေ့များတွင် နံနက် ( ၉ ) နာရီ မှ ညနေ ( ၅ ) နာရီ အထိ နေ့ခြင်းပြီး အခမဲ့ ဆောင်ရွက်ပေးသည်။ 
သဲကုန်းမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများဆောင်ရွက်
Jul 05,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပလောက်မြို့ စည်ပင်သာယာဈေးကြီးအတွင်း ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချ ခြင်း ရှိ ၊မရှိ ကွင်းဆင်းစစ်ဆေး
Jul 05,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ စည်ပင်သာယာဈေးကြီးအတွင်း၌     ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ၊ မရှိကို ယနေ့ နံနက် ၇ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မှော်ဘီမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာပေါင်း(၁၈၉)ဦးရှိပြီး (၅)ဦးသေဆုံး
Jul 05,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် မှော်ဘီမြို့နယ်အတွင်း ဇူလိုင်လ ၄ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာပေါင်း(၁၈၉)ဦးရှိပြီး (၅)ဦးသေဆုံးခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး မြို့မဈေးကြီးအတွင်းရှိ ဈေးရောင်း/ ဈေးဝယ်သူများအား ပါးစပ်နှာခေါင်းစည်းနှင့် Face shield များအခမဲ့ဖြန့်ဝေ
Jul 05,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုများမရှိစေရန်နှင့် ကြိုတင် ကာကွယ်မှုများပြုလုပ်နိုင်ရန်အတွက် ယနေ့၊ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနနှင့်ခရိုင်ကျန်းမာရေးဦးစီးဌာနတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ မြို့မဈေးကြီး အတွင်းရှိ ဈေးရောင်း /ဈေးဝယ်ပြုလုပ်နေသူများကို ပါးစပ်နှာခေါင်းစည်း(Mask)နှင့် Face shield များအခမဲ့ ဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။
တနင်္သာရီမြို့နယ်အတွင်း စားသောက်ဆိုင်နှင့် လက္ဘက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ပြန်လည် ရောင်းချ
Jul 05,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မြန် တတိယလှိုင်း မျိုးရိုးဗီဇပြောင်းလဲသော ရောဂါကူးစက် ဝင်ရောက်ပျံ့နှံ့မှုမှ ရောဂါ ထိန်းချုပ်ခြင်း၊ ကာကွယ်ခြင်း လုပ်ငန်းများကို ပိုမိုထိရောက်စွာ ကြပ်မတ်ဆောင်ရွက်နိုင်ရန်အတွက် ယခင်က ဆိုင်ထိုင်စနစ်ဖြင့် နေ့စဉ် ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်များအား ယနေ့ နံနက်ပိုင်းမှ၍ ပါဆယ် စနစ်ဖြင့်သာ ဖွင့်လှစ်ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရှိရသည်။
နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) RCC (၃) ထပ် တည်ဆောက်နေမှု ကွင်းဆင်း ဆောင်ရွက်
Jul 05,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) RCC (၃) ထပ် တည်ဆောက်လုပ်နေမှုကို ယနေ့နံနက် (၁၀) နာရီအချိန်က အရည်အသွေး စစ်ဆေးရေးနှင့် လက်ခံရေးကော်မတီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။