သတင်းများ

မြိတ်မြို့ သံဃာ့ဆေးရုံတွင်  မြန်မာနိုင်ငံဆရာဝန်အသင်း (မြိတ်) မှ Fever Clinic  ဖျားနာအခမဲ့ ဆေးကုသခန်း ပြန်လည်ဖွင့်လှစ်
Jul 05,2021
တနင်္သာရီတိုင်းဒေသကြီး၊  မြိတ်မြို့တွင် မြန်မာနိုင်ငံဆရာဝန်အသင်း (မြိတ်) မှ အထက်ရေပုန်းရပ်စပါးရွှေဝါ လမ်းမကြီးရှိ သံဃာ့ဆေးရုံတွင်  Fever Clinic  ဖျားနာအခမဲ့ ဆေးကုသခန်းအား ဇူလိုင်လ (၅) ရက် နံနက် ပိုင်းမှစတင်ကာ  ပြန်လည်ဖွင့်လှစ်ပြီး အနံ့ပျောက်၊ ဖျားနာလူနာများအား အခမဲ့ကုသပေးလျက်ရှိသည်။
သာသနဓဇဓမ္မာစရိယ အောင်မြင်တော်မူကြသော ပုလောမြို့နယ်ဂုဏ်ဆောင် သံဃာတော် အရှင်သူမြတ်(၁၃)ပါးအား ဂုဏ်ပြုပူဇော်
Jul 05,2021
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့တွင် ၂၀၂၀ပြည့်နှစ်၌ သာသနဓဇဓမ္မာစရိယ စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသော မြို့နယ်ဂုဏ်ဆောင် သံဃာတော်အရှင်သူမြတ်(၁၃)ပါးအား ဂုဏ်ပြုပူဇော်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ခန်းမတွင် ကျင်းပခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ်၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းဆောင်ရွက်
Jul 05,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကျန်းမာရေးဦးစီးဌာန၌ ယမန်နေ့က မွေးကင်းစမှ (၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ကမာရွတ်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ
Jul 05,2021
မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း နေထိုင်ကြတဲ့ နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးရရှိစေရန်နှင့် နိုင်ငံသား အရည်အချင်းပြည့်မှီသူများအတွက် ရည်ရွယ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူ၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ၂၀၂၁ခုနှစ် မေလ (၃) ရက်နေ့မှ ၂၀၂၂-ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့အထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ သိရသည်။
အုတ်ဖိုမြို့နယ်အတွင်း စျေးဆိုင်များအား သက်မှတ်ချိန်အတွင်းဖွင့်လှစ်ရန် ညွှန်ကြားချက်ထုတ်ပြန်
Jul 05,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု မြင့်တက်လျှက်ရှိရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ညွှန်ကြားချက်အရ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယနေ့နံနက်ပိုင်းတွင် စျေးဆိုင်များအား သက်မှတ်ချိန်အတွင်း ဖွင့်လှစ်ရန် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
Jul 05,2021
ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာမှကြီးမှုးကျင်းပသည့် မြန်မာအမျိုးသမီး များနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီက မြစ်ကြီးနား မြို့ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
ရွာငံမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် Antigen Testkit များဖြင့် အခမဲ့သွားရောက်စစ်ဆေးနိုင်
Jul 05,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ တတိယလှိုင်း ကူးစက်မှုအဖြစ် ဇွန်လ တတိယပတ်မှစတင်၍ ရွာမရပ်ကွက်ရှိ ဉာဏ်ကြီးရှင် ကော်ဖီစက်ရုံမှ စက်ရုံပိုင်ရှင်နှင့် ဝန်ထမ်းများမှ စတင်ကူးစက်ခံခဲ့ရာ ရောဂါကူးစက်မှုများ ထပ်မံ တိုးပွားလာမှုမရှိစေရေးအတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုရှိ ဒေသခံပြည်သူများအားလုံး ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် Positive လူနာများနှင့် ထိတွေ့ခဲ့မိ၍ သံသယံရှိခြင်း၊ ပိုးတွေ့လူနာနှင့် ထိတွေ့မှုမရှိသော်လည်း အဖျားလွန်ခြင်း၊ အနံ့ပျောက်ခြင်းများ ဖြစ်ပေါ်လာပါက မြို့နယ်ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကုသရေးဦးစီးဌာနသို့ မိမိအသိစိတ်ဖြင့် ဆက်သွယ်သတင်းပေးပို့၍ Antigen Testkit များဖြင့် အခမဲ့ သွားရောက် စစ်ဆေးခံယူနိုင်ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် Covid -19 Positive လူနာ (၂)ဦးထပ်မံတွေ့ရှိ
Jul 05,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် အနံ့မရသဖြင့် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသပြီး Covid-19 ရောဂါပိုး ရှိ/မရှိ Tesk Kit စစ်ဆေးခဲ့ရာ  ပိုးတွေ့လူနာ(၂)ဦး ထပ်မံတွေ့ရှိကြောင်း  သိရှိရသည်။