သတင်းများ

လေရှီးမြို့၌ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ် အသိပညာပေးသင်တန်းဖွင့်
Aug 06,2020
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ပြည်သူတစ်ရပ်လုံးသည် ရရှိခံစားသင့်သော အခွင့်အရေးများကို အပြည့်အဝရရှိနိုင်ရန်နှင့် အခွင့်အရေးများအပေါ် အသိအမှတ်ပြု နားလည်လက်ခံသည့် ဖွဲ့စည်းပုံများနှင့် လုပ်ထုံးလုပ်နည်းများ အကောင် အထည်ဖော်နိုင်ရန် ရည်ရွယ်၍
နွားထိုးကြီးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းအချက်အလက်များ မှန်ကန်စေရေး ပြင်ဆင်လျှောက်ထား
Aug 06,2020
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအသီးသီးတွင် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာလျက်ရှိရာ အဆိုပါမဲစာရင်းများ၌ အချက်အလက်များ မှန်ကန်ပြည့်စုံမှုရှိစေရေးအတွက် ပြည်သူများက လာရောက်ကြည့်ရှု၍ ပြင်ဆင်ရန်ရှိသည့် အချက်အလက်များကို ပြင်ဆင်လျှောက်ထားလျက်ရှိကြောင်း သိရသည်။
နမ္မတူမြို့နယ်ရှိ အမှတ် (၁၊ ၂) အခြေခံပညာအထက်တန်းကျောင်း၏ Social Distancing နှင့်အညီ ပညာ သင်ကြားနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း၊ လက်ဆေးဆပ်ပြာဆီ၊ ဆပ်ပြာခဲနှင့် Hand-gel များ ထောက်ပံ့ ပေးအပ်
Aug 06,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ အမှတ် (၁၊ ၂) အခြေခံပညာ အထက်တန်း ကျောင်း၏ Social Distancing နှင့်အညီ ပညာသင်ကြားနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း၊ လက်ဆေး ဆပ်ပြာဆီ၊ ဆပ်ပြာခဲနှင့် Hand-gel များထောက်ပံ့ပေးအပ် ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရိခေါ်ဒါရ်၌ နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိရေး ကွင်းဆင်းဆောင်ရွက်ပေး
Aug 06,2020
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ရှိ ရပ်ကွက်ပြည်သူများ၊ အနီးအနား ပတ်ဝန်းကျင်ရှိ ကျေးလက်နေ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ရရှိရေးအတွက် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာန၊ ရိခေါ်ဒါရ်မြို့ ရှေ့တန်းရုံးမှ တာဝန်ခံဦးစီးအရာရှိ (မြို့ဦးစီးမှူး) ဦးမောင်မောင် ဦးဆောင်၍ ဝန်ထမ်းများက သြဂုတ် ၃ ရက်မှစ၍ ယနေ့အထိ သုံးရက်ကြာအထိ ရိခေါ်ဒါရ်မြို့၊ အမှတ်(၂) ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိသည်။
ကျောက်မဲမြို့ရှိ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ဆောက်လုပ်နေသည့် ခန်းမအတွက် အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်း
Aug 06,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ ၊ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် အလှူရှင် များဖြင့် စုပေါင်းအားဖြင့်တည်ဆောက်ရှိသော အလျား ပေ ၁၀၀ ၊ အနံ ပေ ၄၀ ရှိ ရွှေရတုခန်းမဆောင်အတွက် ယနေ့နံနက် ၁၁ နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းနှင့် အလှူရှင်များက အလှူငွေနှင့် ပစ္စည်း များ သွားရောက်လှူဒါန်းပေးခဲ့ရာ ကျောင်းအကျိုးတော်ဆောင် ဦးစိုးထွန်းနှင့် ကျောင်းအုပ်ဆရာမ ဒေါ်တင်တင်မြင့် တို့က လက်ခံခဲ့ကြောင်းသိရသည်။
ယင်းမာပင်မြို့နယ်တွင် တောင်သူပညာပေးကောက်စိုက်စက်ဖြင့် မိုးစပါးလက်တွေ့စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
Aug 06,2020
ယင်းမာပင်မြို့နယ် စက်မူလယ်ယာဦးစီးဌာန အမှတ်(၄၁) စက်မှုလယ်ယာစခန်းမှ ADSP အစီ အစဉ်ဖြင့် တောင်သူပညာပေး ကောက်စိုက်စက်နှင့် မိုးစပါးလက်တွေ့စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက လက်လှုပ်ကျေးရွာအုပ်စု မြို့ပေါ်ကျေးရွာ တောင်သူ ဦးကျော်ရင် ကွင်းအမှတ် ၈၆၂ (ဂ) ကွင်း မိုးစပါးဧရာမင်းစိုက်ကွက်တွင် ပြုလုပ်ကြောင်း သိရသည်။