မြစ်ကြီးနား ဇူလိုင် ၅
စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းသား များအား အသက်မွေးဝမ်းကျောင်းပညာဖြစ်တဲ့ ဆိုင်ကယ်ပြုပြင်သည့် နည်းပညာ သင်တန်းအား ဇူလိုင် ၅ ရက်နေ့ နံနက် ၁၀ နာရီက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အလယ်ကုန်းရပ်ကွက် ပြန်လည်ထူထောင်ရေး စခန်း၌ ဖွင့်လှစ်သင်ကြားပို့ချ လျက်ရှိသည်။
အဆိုပါ ဆိုင်ကယ်ပြုပြင်သည့် နည်းပညာသင်တန်းအား ကချင်ပြည်နယ် အသေးစားနှင့် စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန နည်းပြဆရာများမှ သင်ကြားပို့ချ လျက်ရှိပြီး ဆိုင်ကယ်အင်ဂျင် ပြုပြင်နည်းနှင့် ဆိုင်ကယ် ဝါယာရိန်းပြုပြင် နည်းပညာများကို (၁)လကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
ကချင်ပြည်နယ် ပြန်လည်ထူထောင်ရေး စခန်းအနေဖြင့် မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည် ထူထောင်ရေး သင်တန်းသားများအား ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြား ပေးခြင်းနှင့် နောက်ဆက်တွဲ စောင့်ရှောက်ရေး လုပ်ငန်းများအား ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
အသက်မွေးဝမ်းကျောင်း ပညာရပ်များအား စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိပြီး တတ်မြောက် ထားသော အသက်မွေးဝမ်းကျောင်း ပညာရပ်များဖြင့် မိမိဘ၀ ရပ်တည်နိုင်ရန်၊ မိမိဝါသနာပါသည့် အလုပ်တွင် အာရုံစိုက်လုပ်ကိုင်နေခြင်းဖြင့် မူးယစ်ဆေးဝါးကို စွဲလမ်းစိတ်လျော့ပါးစေရန်၊ လူ့အဖွဲ့အစည်းအတွင်း ပြန်လည်နေထိုင် ၀င်ဆံ့လာစေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ပြန်လည် ထူထောင်ရေး ဦးစီးဌာနမှ သိရသည်။
ယော်ဆောင်