နောင်တရားမြို့အဝင်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးစစ်ဆေးရေးဂိတ် ဆောက်လုပ်

နောင်တရား    ဇူလိုင်    ၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့အဝင်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမူမဖြစ်စေရေးနှင့် ကာကွယ်တားဆီးရေးအတွက် ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး စစ်ဆေးရေးဂိတ် တည်ဆောက်လျက်ရှိသည်။

နောင်တရားမြို့အတွင်းသို့ ဝင်ထွက်သွားလာမည့် မော်တော်ယာဉ်မောင်းများနှင့် ဒေသခံပြည်သူများကို နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်အသုံးပြုစေခြင်း၊ အပူချိန်တိုင်းတာ စစ်ဆေးခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ တားဆီးရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပင်လောင်းမြို့နယ်အတွင်းတွင် ဇူလိုင်လ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာများ (၃၁) ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)