ပင်လောင်း ဇူလိုင် ၅
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ယမန်နေ့ က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၉ ဦးထပ်မံတွေ့ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မှ သိရသည်။
ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်ခဲ့သည့် ပင်လောင်းမြို့နယ် ဘန့်ပြင်ကျေးရွာအုပ်စု နောင်မူရွာ တစ်ဦး၊ ကံကော်ပင်ရွာ သုံးဦး၊ ပင်စိမ်းစုရွာ တစ်ဦး၊ တီကျစ်ကျေးရွာအုပ်စု တီကျစ်တောင်ပိုင်း လေးဦး စုစုပေါင်း အတည်ပြုလူနာ ကိုးဦးထပ်မံတွေ့ရှိကြောင်း ဇွန် ၃၀ ရက်မှ ဇူလိုင် ၄ ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၃၁ ဦး တွေ့ရှိခဲ့ပြီး ဖြစ်သည်။
ယမန်နေ့တွေ့ရှိသည့် အတည်ပြုလူနာများအား တီကျစ်တိုက်နယ်ဆေးရုံ သီးသန့်ဆောင်တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးထားပြီး အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်ခဲ့သူ များကိုလည်း အသွားအလာ ကန့်သတ်စောင့်ကြည့်ရာ နေရာများတွင် ၁၀ ရက်ကြာ ကျန်းမာရေး စောင့်ရှောက်ထားရှိမည် ဖြစ်ကြောင်းနှင့် ထိတွေ့ဆက်စပ်သူများကိုလည်း ထပ်မံစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)