အမ်း ဇူလိုင် ၅
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် လဖက်ရည် ဆိုင်များတွင် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိမရှိကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ၏ လမ်းညွန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့က ယမန်နေ့ ညနေ(၃)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် စားသောက်ဆိုင်နှင့် လဖက်ရည်ဆိုင်မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများသည် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တရက် အနံ့အရသာ ပျောက်ဆုံးခြင်း၊ အသက်ရှုခတ်ခဲခြင်း ဖြစ်ပေါ်ပါက လုပ်ငန်းခွင်သို့ မလာရောက်ရန်နှင့် ဆိုင်ပိုင်ရှင်(သို့မဟုတ်)တာဝန်ရှိသူထံ အကြောင်း ကြား၍ ဆေးကုသမှုခံယူရန်၊ ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းအားလုံး နေ့စဉ်လုပ်ငန်းခွင်သို့ မဝင်ရောက်မီ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် ကိုဗစ်-၁၉ရောဂါသံသယရှိမရှိစစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ လက္ခဏာခံစားရပါက အလုပ်မှချက်ခြင်းအနားပေးရန်၊ နီးစပ်ရာကျန်းမာရေးဌာနသို့ သတင်းပို့၍ ဆေးကုသမှုခံယူရန်နှင့် ဆေးကုသမှုခံယူန်အတွက် သီးသန့်အခန်း စီစဉ်ထားရှိခြင်း၊ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအားလုံး ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ခြင်း၊ ငွေရှင်းကောင်တာနှင့် စာပွဲထိုးများသည် မျက်နှာကာ (Face Shield) တပ်ဆင်ခြင်း၊ မျက်နှာကာ (Face Shield) တပ်ဆင် အသုံးပြုပြီးတိုင်း ဆပ်ပြာနှင့်ရေအသုံးပြုကာ စနစ်တကျပြန်လည်ဆေးကြောခြင်း၊ လူအများအသုံး ပြုသည့် ပစ္စည်းများဖြစ်သည့် တံကားလက်ကိုင်၊ လှေကား၊ လက်ရမ်း၊ ပန်ကန်ခွက်တို့ကို မကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီးတိုင်း လက်ကိုအနည်းဆုံးစက္ကန့် (၂၀)ကြအောင် စနစ်တကျဆေးကြောခြင်း၊ အယ်လကိုဟောအနည်းဆုံး(၆၀)ရာခိုင်နှုန်းပါသည့် လက်သန့်ဆေးရည်ဖြင့်ဆေးကြောခြင်း၊ စားသုံး သူနှင့် အချင်းချင်းသော်လည်းကောင်း မျက်နှာချင်းဆိုင်နီးကပ်စွာ ဝိုင်းဖွဲ့ပြောဆိုခြင်း၊ ဝိုင်းဖွဲ့စား သောက်ခြင်းမပြုဘဲ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ပြောဆိုရန်၊ တစ်ရှုးများ၊ တစ်ကိုယ်ရေသုံး ပစ္စည်းများ အသုံးပြုပြီး စနစ်တကျစွန့်ပစ်စေခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်းများ၊ လက်အိတ်များကို စွန့်ပစ်ရန် Label ကပ်ထားသော ခြေနင်းအမှိုက်ပုံးစီစဉ်ထားခြင်း၊ စားသောက်ဆိုင်နှင့် လဖက် ရည်ဆိုင်များတွင် ဆိုင်ထိုင်စားသုံးသူများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့်အချက်များအား မြင် သာသောနေရာများတွင် ထားရှိပေးရန် ဆောင်ရွက်ထားရှိခြင်းတို့ကိုစစ်ဆေးခဲ့ကြောင်းသိရှိရသည်။
စိုးမင်းထွန်း