ကျွန်းလှ၌‌ “ဖော” ငမြောင်တောင် ကာကွယ်ရေးနည်းပညာပေးသင်တန်းနှင့် ဟော်မုန်းများ ပေးအပ်ပွဲကျင်းပ

ကျွန်းလှ ဇူလိုင် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် “ဖော” ငမြောင်တောင် ကာကွယ်ရေး နည်းပညာပေးသင်တန်းနှင့် ဟော်မုန်းများ ပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီခွဲက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ မြိုနယ်စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဝင်းရွှေတို့က အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဒေါ်မြင့်မြင့်ရီက သင်တန်းဖွင့်ရခြင်းနှင့် ဟော်မုန်းများ ပေးအပ်ရခြင်းအကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက်‌ ပြောင်းစိုက်တောင်သူများအား ဟော်မုန်းနှင့် သဘာဝပိုးနှင်ဆေးများ ပေးအပ်ပြီး မြိုနယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများက “ဖော” ငမြောင်တောင်ပိုး၏ ဘဝစက်ဝန်း၊ ကျရောက်ဖျက်ဆီးပုံအဆင့်ဆင့်၊ ကင်းထောက်စစ်ဆေးခြင်း၊ ဘက်စုံကာကွယ်နှိမ်နင်းနည်း ၊Pheromone Trap ထောင်ခြင်း၊ နောက်တစ်ရာသီအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းများအကြောင်းတို့ကို ပို့ချကြသည်။ ကျွန်းလှမြို့နယ်တွင်‌ အစေ့ထုတ်ပြောင်းကို မိုးရာသီတွင် အဓိကထား စိုက်ပျိုးကြကြောင်း၊ ယာမြေ (၄၈၀၀၀) ကျော်ရှိပြီး မိုးအစေ့ထုတ်ပြောင်း (၁၄၃၆၄) ဧကစိုက်ပျိုးရန် လျာထားကြောင်း မြို့နယ်စိုက်ရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ