သတင်းများ

ဖျာပုံမြို့နယ်တွင် မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ်(၂)ခု ဖွင့်လှစ်၍ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်
Jul 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ရှိ ဖျာပုံတံတား စစ်ဆေးရေးဂိတ်နှင့် ချောင်းတွင်း လမ်းမကြီး မြို့အဝင်စစ်ဆေးရေးဂိတ်(၂)ခု ဖွင့်လှစ်ကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ မြို့နယ်အတွင်းသို့ ဝင်ရောက်လာသူများအား၊ အပူချိန်တိုင်းတာခြင်း ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ၁၄၀၀ ကျော် နှင့် အိမ်ထောင်စု လူဦးရေးစာရင်း (၂၆၀)ကျော် ဆောင်ရွက်ပေးပြီး
Jul 07,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရ ရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေးစာရင်း ဆောင်ရွက်လိုသူများကို ပန်းခင်းစီမံချက်ဖြင့် မေလဆန်းမှ စတင်၍ ရပ်ကွက်ကျေးရွာများတို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ နိုင်ငံသားစိစစ်ရေးကတ် ၁၄၀၀ကျော်နှင့် အိမ်ထောင်စု လူဦးရေးစာရင်း (၂၆၀)ကျော်တို့အား ဆောင်ရွက် ပေးနိုင်ခဲ့ပြီဖြစ် ကြောင်း သိရသည်။
ထားဝယ်မြို့၌ သောက်သုံးရေဖြန့်ဝေပေးနိုင်ရေး အဆိုပြုတင်ပြချက်နှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေး ကျင်းပ
Jul 07,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းမြို့နယ်များသို့ သောက်သုံး ရေဖြန့်ဝေပေးနိုင်ရေး အဆိုပြုတင်ပြချက်နှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရိခေါ်ဒါရ်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာမိသားစုများထံ ဟွာလ်ငိုဒေသဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့အစည်းမှ စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းပေး
Jul 07,2021
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ပေါ် ရပ်ကွက် နှစ်ခုရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာမိသားစုများအား ဟွာလ်ငိုဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (Hualngo Land Development Oraganization- HLDO)မှ စားနပ်ရိက္ခာများကို ဇူလိုင်လအတွင်း ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ် ပြည်သူ့အားကစားကွင်းအတွင်း အားကစားရုံ တည်ဆောက်
Jul 07,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် အားကစားနှင့် ကာယပညာဦးစီး ဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၏ ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်ပြည်သူ့အားကစားကွင်းဝင်း အတွင်း မိုးလုံလေလုံ အားကစားရုံ တည်ဆောက်လျက်ရှိသည်။
မောက်မယ်မြို့နယ်၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး
Jul 07,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိတောင်သူများအား ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် က ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအား မြို့နယ်သီရိမင်္ဂလာဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက စတင်ထုတ်ချေးပေးခဲ့သည်။
မိုင်းယောင်း၌ Home Quarantine ထားရှိသူများအား တာဝန်ရှိသူများ သွားရောက်ကြည့်ရှု
Jul 07,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူသည် ယမန်နေ့က ဝမ်တပ်၊ ဝမ်မန်း၊ ဝမ်ဘိုး၊ ဝမ်ကောင်းကျေးရွာအုပ်စုနှင့် ဟောင်ကြန့်ကျေးရွာအုပ်စုများရှိ Home Quarantine ထားရှိသူများအား တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဘုရားသုံးဆူမြို့တွင် Youth volunteer လူငယ်အသင်းမှ ကိုဗစ်-၁၉ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Jul 07,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး အသိပညာပေး ဆောင်ရွက်မှုများအား တာဝန်ရှိသူများမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ဘုရားသုံးဆူမြို့၊ Youth volunteer လူငယ်အသင်းမှ ဘုရားသုံးဆူမြို့၊ မြို့မစျေးအတွင်းနှင့် လူစည်ကားရာ နေရာများတွင် အသံချဲ့စက်များဖြင့် ကျန်းမာရေးအသိပညာပြောကြားခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။