Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
ကာလိမြို့အတွင်းရှိ သောက်ဆိုင်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး ဆိုင်ရာစည်းကမ်းချက်များနှင့်အညီ ရောင်းချပေးစေရန် အသိပညာပေးကွင်းဆင်း ဆောင်ရွက်
Jul 07,2021
ရှမ်းပြည်နယ် (တောင်ပိုင်း )၊ လွိုင်လင်ခရိုင်၊ ကာလိမြို့အတွင်းရှိ စားသောက်ဆိုင်များ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချစေရန် သက်ဆိုင်ရာတာဝန်ရှိသူ များက ယနေ့နံနက် (၉) နာရီခွဲအချိန် က ကွင်းဆင်းလိုက်လံ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့နယ်တွင် မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ်(၂)ခုဖွင့်လှစ်၍ ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်
Jul 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ရှိ ဖျာပုံတံတားစစ်ဆေးရေး ဂိတ်နှင့်ချောင်းတွင်း လမ်းမကြီး မြို့အဝင်စစ်ဆေးရေးဂိတ်(၂)ခုဖွင့်လှစ်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများပူးပေါင်း ၍မြို့နယ်အတွင်းသို့ဝင်ရောက်လာ သူများအား အပူချိန်တိုင်းတာ ခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နာဂဒေသ၊ နန်းယွန်းမြို့တွင် ပျိုးပင်၊မျိုးစေ့၊ မျိုးစေ့ချကိရိယာပေးအပ်ပွဲနှင့် စိုက်ပျိုးရေးနည်းပညာပေး သင်တန်းဖွင့်ပွဲ ကျင်းပ
Jul 07,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ပျိုးပင်၊မျိုးစေ့၊ မျိုးစေ့ချ ကိရိယာပေးအပ်ပွဲနှင့် စိုက်ပျိုးနည်းပညာပေးသင်တန်း ဖွင့်ပွဲကို ဇူလိုင် (၆)ရက်နေ့ နံနက် ၁၀ နာရီ ချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
အုတ်ဖိုမြို့ လျှပ်စစ်ကွက်သစ် (၂) လမ်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် ရေမြောင်းတည်ဆောက် ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Jul 07,2021
ပြည်သူများ သွားလာရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ ခရိုင်၊ အုတ်ဖိုမြို၊ ရွာမရပ်ကွက်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် လျှပ်စစ်ကွက်သစ်(၂) လမ်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် ရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ် ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့နယ် နန်းမား၌ ကိုဗစ်−၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များဖြန့်ဝေ
Jul 07,2021
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့စည်ပင်သာယာစျေး၊ ယာယီပျံကျ စျေးနှင့် နန်းသာယာ နံနက်စျေးတို့တွင် စျေးရောင်း/စျေးဝယ်ကြသည့်ပြည်သူ များနှင့် လမ်းသွားလမ်းလာကြ သည့်ပြည်သူများအား ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်(၆)နာရီခန့်က ဆောင်ရွက် ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့တွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ ပါဆယ်စနစ် (Take Away) ဖြင့်သာ ရောင်းချခွင့်ပြု
Jul 07,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့တွင်းရှိ စားသောက်ဆိုင် များနှင့် လက်ဖက်ရည်ဆိုင်များ ယမနေ့မှစတင်၍ ပါဆယ်စနစ် (Take Away) ဖြင့်သာ ရောင်းချခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ကာကွယ်ရေး နှာခေါင်းစည်းများ လှူဒါန်းပြီး မြိတ်ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေး
Jul 07,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ(၇) ရက်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာအစည်း အဝေးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆောမြို့ရှိ စားသောက်ဆိုင်များတွင် ပါဆယ်စနစ်(Take away)ဖြင့် ရောင်းချမှု ရှိ/မရှိ လိုက်လံ စစ်ဆေး
Jul 07,2021
မကွေးတိုင်းဒေသကြီး ဆောမြို့အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ် တားဆီးနိုင်ရေး အတွက် ပါဆယ်စနစ်(Take away)ဖြင့် ရောင်းချခြင်း ရှိ/မရှိစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက လိုက်လံစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27955
Page
27956
Page
27957
Page
27958
Current page
27959
Page
27960
Page
27961
Page
27962
Page
27963
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department