ရိခေါ်ဒါရ်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာမိသားစုများထံ ဟွာလ်ငိုဒေသဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့အစည်းမှ စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းပေး

ရိခေါ်ဒါရ် ဇူလိုင် ၇
 
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ပေါ် ရပ်ကွက် နှစ်ခုရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာမိသားစုများအား ဟွာလ်ငိုဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (Hualngo Land Development Oraganization- HLDO)မှ စားနပ်ရိက္ခာများကို ဇူလိုင်လအတွင်း ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့ပေါ် ရပ်ကွက် နှစ်ခုရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများနှင့် မိသားစုဝင်များ ဖြန့်ဝေပေးရန်အတွက် ဆန် (၁၀၀)အိတ်၊ ဆီ (၁၁၀)ပိဿာ၊ အာလူး (၅)အိတ်၊ ခရမ်းချဉ်သီး သေတ္တာ(၇)ခု၊ ကုလားပဲ (၁)အိတ် ထောက်ပံ့လှူဒါန်းပေးပြီး အဆိုပါ စားနပ်ရိက္ခာများကို ရပ်ကွက် နှစ်ခု လူငယ်အဖွဲ့အစည်းများမှ ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာမိသားစုများထံ အိမ်တိုင်ရာရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေစစ်ဆေးခြင်းကို ဇွန်လ (၇)ရက် နေ့မှ ဇူလိုင်လ (၆)ရက်နေ့အထိ ရောဂါစစ်ဆေးသူဦးရေ (၁၆၄၀)ဦးရှိသည့်အနက်၊ ရောဂါပိုးတွေ့ လူနာ (၂၇၂)ဦး တွေ့ရှိပြီး၊ ရောဂါဖြင့်သေဆုံးသူ (၂)ဦးရှိကြောင်း၊ ကျန်းမာရေးအခြေအနေ ပြန်လည် ကောင်းမွန်လာပြီး Home Quarantine ဖြေလျှော့ထားသူနှင့် ဆေးရုံဆင်းခွင့်ရရှိသူ (၁၉၃)ဦးရှိပြီး လက်ရှိအခြေအနေ၌ ဆေးကုသမှုခံယူနေသူ (၇၇)ဦးရှိကြောင်း သိရသည်။
ပက်ကာ (ရိရေကန်)