ဖျာပုံ ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ရှိ ဖျာပုံတံတား စစ်ဆေးရေးဂိတ်နှင့် ချောင်းတွင်း လမ်းမကြီး မြို့အဝင်စစ်ဆေးရေးဂိတ်(၂)ခု ဖွင့်လှစ်ကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ မြို့နယ်အတွင်းသို့ ဝင်ရောက်လာသူများအား၊ အပူချိန်တိုင်းတာခြင်း ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မြို့နယ်အတွင်းသို့ ဝင်ရောက်လာသူများအား၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ပြည်သူလူထုအတွင်း ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ အခြားတိုင်းဒေသကြီးများမှ ဝင်ရောက် လာသူအားလုံး၏ အမည်၊ နေရပ်လိပ်စာ၊ ခရီးသွားရာဇဝင်နှင့် တယ်လီဖုန်းနံပါတ်များအား မှတ်တမ်း ရေးသွင်းခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုယ်အပူချိန် တိုင်းတာခြင်း လုပ်ငန်းလမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ပြီး အပူချိန် 38 Degree C အထက်ရှိပါက လည်းကောင်း၊ ကိုဗစ်-၁၉ သံသယ လက္ခဏာများ ရှိပါကလည်းကောင်း၊ သွေးတွင်း အောက်ဆီဂျင် ၉၂% အောက်ရှိပါကလည်းကောင်း၊ ဆေးစစ်ကုန်ကျစရိတ်(၁၀၀ဝဝိ/-)ကို ပေးဆောင်စေပြီး RDT test kits ဖြင့် စစ်ဆေးပေးသွားမှာဖြစ်ကြောင်း၊ RDT test kits စစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပါက အခြားတိုင်းဒေသကြီးများမှ လာရောက်သူများအား ဆေးကုသမှုခံယူနိုင်ရေး သက်ဆိုင်ရာနေရပ်ရှိ ကျန်းမာရေး ဌာနများနှင့် ချိတ်ဆက်၍ ပြန်လည်ပို့ဆောင် ပေးသွားမည်ဖြစ်ပြီး ဖျာပုံမြို့နယ်အတွင်း နေထိုင်သူများဖြစ်ပါက မြို့နယ်ကိုဗစ်-၁၉ ကော်မတီက ပြင်ဆင်ဖွင့်လှစ်ထားသည့် ယာယီ ဆေးရုံများတွင် ဆေးကုသမှု ခံယူနိုင်ရေး ထားရှိပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖျာပုံခရိုင်(ပြန်/ဆက်)