မိတ္ထီလာ၊ ဇူလိုင် ၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရ ရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေးစာရင်း ဆောင်ရွက်လိုသူများကို ပန်းခင်းစီမံချက်ဖြင့် မေလဆန်းမှ စတင်၍ ရပ်ကွက်ကျေးရွာများတို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ နိုင်ငံသားစိစစ်ရေးကတ် ၁၄၀၀ကျော်နှင့် အိမ်ထောင်စု လူဦးရေးစာရင်း (၂၆၀)ကျော်တို့အား ဆောင်ရွက် ပေးနိုင်ခဲ့ပြီဖြစ် ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေး သူများနှင့် အိမ်ထောင်စုလူဦးရေးစာရင်း ဆောင်ရွက်လိုသူများကို မေလ ၃ ရက်နေ့မှစတင်၍ ရပ်ကွက်(၁၄)ခုနှင့် ကျေးရွာအုပ်စု(၅၈)အုပ်စုတို့ကို မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်မော် ဦးဆောင်၍ အဖွဲ့သုံးဖွဲ့ဖြင့် ရပ်ကွက်ကျေးရွာများတို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိရာမှ ဇူလိုင်လ ၆ ရက်နေ့အထိ ရပ်ကွက် (၂)ခု၊ ကျေးရွာအုပ်စု (၁၇)စုနှင့် တပ်ရင်း(၄)ရင်းတို့မှ နိုင်ငံသား စိစစ်ရေးကတ်မရှိသူ(၁၄၀၂)ဦးနှင့် အိမ်ထောင်စုစာရင်း (၂၆၂)ခုတို့ ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်မော်ထံမှ သိရသည်။
မိတ္ထီလာမြို့နယ်တွင် ရပ်ကွက်(၁၄)ခုနှင့် ကျေးရွာအုပ်စု(၅၈)အုပ်ရှိပြီး ၎င်းရပ်ကွက်ကျေးရွာအုပ်စု များမှ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေး သူများနှင့် အိမ်ထောင်စုလူဦးရေးစာရင်း ဆောင်ရွက် လိုသူများကို ပန်းခင်းစီမံ ချက်ဖြင့် သတ်မှတ်ထားသည့် စီမံချက်ကာလအတွင်း အချိန်မီ ပြီးစီးရေး မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်မော် ဦးဆောင်၍ အဖွဲ့သုံးဖွဲ့ဖြင့် ရပ်ကွက်ကျေးရွာများတို့ နေ့စဉ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်