မောက်မယ်မြို့နယ်၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

မောက်မယ် ဇူလိုင် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိတောင်သူများအား ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် က ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအား မြို့နယ်သီရိမင်္ဂလာဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက စတင်ထုတ်ချေးပေးခဲ့သည်။

၂၀၂၁ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအား လယ်တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀နှုန်း၊ အခြားသီးနှံတစ်ဧကလျှင် ၁၀၀၀၀၀နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိပြီး မောက်မယ်မြို့နယ် အတွင်းရှိ လယ်ဧက ၉၁၄ ဧကနှင့် အခြားသီးနှံ ၁၅၄ ဧကတို့အတွက်စုစုပေါင်း ငွေကျပ်သိန်း ၁၅၂၅ သိန်းကို ဇူလိုင်လ ၈ ရက်နေ့အထိ တောင်သူများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဝန်ထမ်းများမှတစ်ဆင့် သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)