ထားဝယ်မြို့၌ သောက်သုံးရေဖြန့်ဝေပေးနိုင်ရေး အဆိုပြုတင်ပြချက်နှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေး ကျင်းပ

 

ထားဝယ် ဇူလိုင် ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းမြို့နယ်များသို့ သောက်သုံး ရေဖြန့်ဝေပေးနိုင်ရေး အဆိုပြုတင်ပြချက်နှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က ရေပေးဝေ ရေးကိစ္စရပ် များအပေါ်တွင် အလေးအနက်ထားရှိကြောင်း၊ ရေပေးဝေရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကုမ္ပဏီများက ရေပေးဝေနိုင်ရေး ဖြစ်မြောက်အောင် ဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားသည်။

ထိုနောက် Swiss Challenge တင်ဒါကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးက ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

ကျော်ကျော်လတ်