သတင်းများ

ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သော အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Jul 07,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် မြို့မစျေးကြီးအတွင်းနှင့် မြို့ပေါ် ရပ်ကွက်များအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ကိုဗစ်-၁၉ နှင့် ပတ်သက်သော အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ သည်။
မိုးမိတ်မြို့နယ်အတွင်းရှိ မြို့မဈေးနှင့် ကျေးလက်ဈေးများတွင် နေ့စဉ်မရှိမဖြစ် စားသောက်ကုန်ပစ္စည်းဈေးဆိုင်နှင့် ဆေးဝါးဆိုင်များမှအပ ကျန်ဈေးဆိုင်များအား ယာယီပိတ်သိမ်း
Jul 07,2021
မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေမှာ လက်ရှိအခြေအနေအရ တတိယလှိုင်း အသွင်စတင်ဖြစ်ပွားနေသည်ဟု သုံးသပ်ရပြီး ရောဂါထိန်းချုပ်ခြင်း၊ ကာကွယ်ကုသခြင်းလုပ်ငန်း ပိုမို ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရန်အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်အတွင်းရှိ မြို့မဈေးနှင့် ကျေးလက်ဈေးများတွင် ရောင်းချလျက်ရှိသော စားသောက်ကုန်နှင့် ဆေးဝါးဆိုင်များမှအပ ကျန်ကုန်ပစ္စည်းဈေးဆိုင်များအား ဇူလိုင် ၈ ရက်နေ့မှစတင်၍ ယာယီပိတ်သိမ်းသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ သိရသည်။
ရွာငံမြို့၌ အစားအသောက်ပြုလုပ်ရောင်းချသည့်ဆိုင်များအားလုံး (Take-away) ပါဆယ်စနစ်ဖြင့်သာ ရောင်းချသွားရန်ကြေညာချက်ထုတ်ပြန်
Jul 07,2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု့ရောဂါ တတိယလှိုင်းအသွင် စတင် ဖြစ်ပွားနေပြီဟု သုံးသပ်ရပြီး မျိုးရိုးဗီဇပြောင်းလဲလာသော ရောဂါပိုး (ကူးစက်ပိုး) ဝင်ရောက်ပြန့်နှံ့မှုရှိနေခြင်းကြောင့် ဓာတ်ခွဲစမ်းသပ် အတည်ပြုချက်များအရ သိရှိရသဖြင့် ရောဂါထိန်းချုပ်ခြင်း၊ ကာကွယ်ခြင်း၊ ကုသခြင်း လုပ်ငန်းစဉ်များအား ပိုမိုထိရောက်စွာ ဆောင်ရွက်သွားရန် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် စီမံ အုပ်ချုပ်ရေးကောင်စီ၊ မြို့နယ်စည်ပင်သာယာရေးဌာန နှင့်တာဝန်ရှိသူများပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက် လျက်ရှိသည်။
ပဲခူးမြို့ ကိုဗစ်-၁၉ ရောဂါ မပြန့်ပွားရေး ခရီးသည်တင်၊ ကုန်တင်ကုန်ချ ပဲခူးမြို့ယာဉ်ဝန်းသစ်၌ ပိုးသတ်ဆေးဖျန်း
Jul 07,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ် ကိုဗစ်-၁၉ ရောဂါ မပြန့်ပွားရေးအတွက် ခရီးသည်တင်၊ ကုန်တင်ကုန်ချ ပဲခူးမြို့ယာဉ်ဝန်းသစ်အတွင်းတွင် ယမန်နေ့ (၉)နာရီအချိန်တွင် ပိုးသတ်ဆေးဖျန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပင်းတယမြို့ ယာယီပျံကျဈေး၌ ဈေးသည်နှင့်ဈေးဝယ်များအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနည်းလမ်းများအတိုင်း ရောင်းဝယ်ကြရန်အသိပေးနှိုးဆော်
Jul 07,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပင်းတယမြို့ ယာယီပျံကျဈေး၌ ယနေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ နှင့်ဝန်ထမ်းများတို့က ဈေးဝယ်နှင့်ဈေးသည်များအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နည်းလမ်းများအတိုင်း ရောင်းဝယ်ကြရန် အသိပညာပေးလုပ်ငန်းများကွင်းဆင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာပေါင်း (၄)ဦးထပ်မံတွေ့ရှိ
Jul 07,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာပေါင်း (၁၂)ဦးရှိပြီး ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဟိုပန်မြို့မဈေး၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှကာကွယ်ရန် ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းဆောင်ရွက်
Jul 07,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ဟိုပန်မြို့မဈေး၌ စည်ပင်သာယာရေးဦးစီးဌာနနှင့် ဓမ္မစကူးပရဟိတအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ညနေ (၄)နာရီအချိန် က ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့သည်။
စေတုတ္တရာမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၏ အားကာမှူးရုံး/အိမ်ယာ ဆောက်လုပ်ခြင်းလုပ်ငန်း ၅၀ ရာခိုင်နှုန်းပြီးစီး
Jul 07,2021
မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အမှတ်(၂)၊ မြောက်ခတ္တရာ ရပ်ကွက်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၏ အားကာမှူးရုံး/အိမ်ယာ RCC(၁)ထပ်၊ (၂)ခန်းတွဲ ဆောက်လုပ်ခြင်းလုပ်ငန်းသည် ယခုအခါ ၅၀ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း တာဝန်ခံ အင်ဂျင်နီယာထံမှ သိရသည်။