ဘုရားသုံးဆူမြို့တွင် Youth volunteer လူငယ်အသင်းမှ ကိုဗစ်-၁၉ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ဘုရားသုံးဆူ ဇူလိုင် ၇

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး အသိပညာပေး ဆောင်ရွက်မှုများအား တာဝန်ရှိသူများမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ဘုရားသုံးဆူမြို့၊ Youth volunteer လူငယ်အသင်းမှ ဘုရားသုံးဆူမြို့၊ မြို့မစျေးအတွင်းနှင့် လူစည်ကားရာ နေရာများတွင် အသံချဲ့စက်များဖြင့် ကျန်းမာရေးအသိပညာပြောကြားခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Youth volunteer အသင်းသည် (Masks) များအား စနစ်တကျ တပ်ဆင်စေရန်ဝေငှခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှအချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများအား လိုက်နာဆောင်ရွက်ရန် စသည့် ပညာပေးလုပ်ငန်းများအား ကျန်းမာရေးအဖွဲ့များနှင့် ပူးပေါင်းဆာင်ရွက်လျက်ရှိပြီး စောင့်ကြည့်လူနာများ၊ (Home Quarantine) ဝင်နေသူများ၏ နေအိမ်များနှင့်ချိတ်ဆက်၍ အဆိုပါလူနာများ၏ ကျန်းမာရေးလိုအပ်ချက်များအား အဖွဲ့များခွဲ၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။