သတင်းများ

ခရမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ( ၈ ၄) ဦး အထိ တွေ့ရှိ
Jul 07,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ဇွန် ၂၈ ရက်နေ့မှဇူလိုင် ၆ ရက်နေ့အထိကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၈၄) ဦး တွေ့ရှိခဲ့ကြောင်း မြို့နယ် ကိုဗစ် -၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ဟိုပုံးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 07,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မြဝတီမြို့၌ စာဖတ်ဝိုင်းကျင်းပ
Jul 07,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟို ဌာနခန်းမတွင် ဝန်ထမ်းများအား စာပေဗဟုသုတနှင့် စာအုပ်စာပေများကို ဖတ်ရှုသည့်အလေ့အထ ကောင်းများ ပိုမိုတိုးတက်စေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၁)နာရီ က မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးများကို စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်း ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်
Jul 07,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မိုးရာသီတွင်ဖြစ်ပေါ်လေ့ရှိသော ရေကြီးရေလျှံမှုမဖြစ်ပေါ် စေရန်နှင့် ရေစီးရေလာကောင်းမွန်စေရန်အတွက် ရေမြောင်းများ တူးဖော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၇ နာရီက ဝေဇယန္တရားလမ်း မိချောင်းကန်ရိပ်သာ ၅ လမ်းမှ လေးထောင်ကန်လမ်းအသင်းတိုက် မီးပွိုင့်အထိ ရေမြောင်းများ၊ ရေနုတ်မြောင်းများအား ရှင်းလင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်ရှိ ရပ်ကွက်များအတွင်း ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများတူးဖော်ဆောင်ရွက်
Jul 07,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ရှိ ရပ်ကွက်များအတွင်း မိုးတွင်းကာလ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများ တူးဖော်ခြင်းကို ယနေ့နံနက်ပိုင်း ၈နာရီခွဲအချိန်က ပဲခူးလမ်း ရပ်ကွက်၌ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jul 07,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြန့်ပွားမှုမရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ လမ်းဆုံနေရာများ၌ နှာခေါင်းစည်းများ ဖြန့်ဝေခြင်းများနှင့် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ကုသခြင်း လုပ်ငန်းစဉ်များ ပိုမိုထိရောက်ရန် ဈေးအတွင်းမှ စားသောက်ကုန်နှင့် ဆေးဝါးရောင်းချနေသော ဆိုင်မှအပ ကျန်ဆိုင်များ ဖွင့်လှစ်ရောင်းချခြင်း ပိတ်ထား
Jul 07,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင် ၊ နမ့်ခမ်းမြို့၌ မျိုးရိုးဗီဇပြောင်း ကူးစက်မြန်သည့် ကိုဗစ် -၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ကုသခြင်း လုပ်ငန်းစဉ်များ ပိုမိုထိရောက်ရန် မြို့နယ် စည်ပင်သာယာရေးဦးစီးဌာန နယ်နိမိတ်အတွင်းရှိ ဈေးတွင်းဈေးပြင်တွင် ရောင်းချသည့်ဆိုင်များမှ စားသောက်ကုန်နှင့် ဆေးဝါးရောင်းချသည့် ဆိုင်မှအပ ကျန်ကုန်ဆိုင်များ ဖွင့်လှစ်ရောင်းချခြင်းကို ဇူလိုင်လ (၇) ရက်နေ့မှ (၁၅)ရက်နေ့အထိ ပိတ်ထားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ကြော်ငြာထားကြောင်း သိရသည်။
နတ်တလင်းမြို့နယ်တွင်၊ ကျား (၁) ဦး၊ မ (၁) ဦး ထပ်မံ၊ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ
Jul 07,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် Quarantine  Centre‌  ဆေးစစ်ဌာနမှ (၁၃) ဦးကို ယနေ့နံနက်ပိုင်းတွင် RDT  Test  Kit ဖြင့် ဆေးစစ်ရာ ကျား (၁) ဦး၊ မ (၃) ဦး ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။