ရန်ကုန် ဇူလိုင် ၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မိုးရာသီတွင်ဖြစ်ပေါ်လေ့ရှိသော ရေကြီးရေလျှံမှုမဖြစ်ပေါ် စေရန်နှင့် ရေစီးရေလာကောင်းမွန်စေရန်အတွက် ရေမြောင်းများ တူးဖော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၇ နာရီက ဝေဇယန္တရားလမ်း မိချောင်းကန်ရိပ်သာ ၅ လမ်းမှ လေးထောင်ကန်လမ်းအသင်းတိုက် မီးပွိုင့်အထိ ရေမြောင်းများ၊ ရေနုတ်မြောင်းများအား ရှင်းလင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့တော်ဝန်လမ်းညွှန်ချက်နှင့်အညီ ခရိုင်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဖြိုးကျော်၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့် စည်ပင်သာယာ ရေစီးရေလာတာဝန်ခံတို့မှ ဦးဆောင်ကြီးကြပ်ကာ စည်ပင်သာယာရေး ဝန်ထမ်းအင်အား (၉၀)ဦးနှင့် စက်ယန္တရား(၂)စီးဖြင့် ရေမြောင်း ရှင်းလင်းခြင်း နှုန်းများ၊ အမှိုက်သရိုက်များ ဆယ်ယူရှင်းလင်းခြင်းဖြင့် ရေစီးရေလာ ကောင်းမွန်စေရေးတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စန္ဒာမိုး