မြဝတီမြို့၌ စာဖတ်ဝိုင်းကျင်းပ

မြဝတီ ဇူလိုင် ၇

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟို ဌာနခန်းမတွင် ဝန်ထမ်းများအား စာပေဗဟုသုတနှင့် စာအုပ်စာပေများကို ဖတ်ရှုသည့်အလေ့အထ ကောင်းများ ပိုမိုတိုးတက်စေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၁)နာရီ က မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးများကို စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ(၁၆)တွင် စာရေးဆရာမြင့်မောင် (phil-Q) ရေးသားသည့် “တစ်ချက်ခုတ်ဆယ်ချက်ပြတ်ဝါသနာ”ဆောင်းပါး၌ပါရှိသည့် စာဖတ်ခြင်းသည် နိုးကြားဖျက်လတ်မှုရှိသော စိတ်အရည်အသွေး၊ စာဖတ်ခြင်းက ကမ္ဘာကြီးနှင့်ယဉ်ကျေးမှုမျိုးစုံကို လေ့လာနိုင်ကြောင်းနှင့် ကြေးမုံသတင်းစာ စာမျက်နှာ (၂၁)တွင်ပါရှိသည့် စာရေးဆရာ မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်) ရေးသားထားသော “မိဘများနှင့်ဆယ်ကျော်သက်တို့၏ ဆက်ဆံရေး” ဆောင်းပါးတို့ကို မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအးသီနှင့် ဝန်ထမ်းများက စာဖတ်ဝိုင်းပြုလုပ်ကား အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်