အုတ်တွင်းမြို့နယ်ရှိ ရပ်ကွက်များအတွင်း ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများတူးဖော်ဆောင်ရွက်

 

အုတ်တွင်း ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ရှိ ရပ်ကွက်များအတွင်း မိုးတွင်းကာလ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများ တူးဖော်ခြင်းကို ယနေ့နံနက်ပိုင်း ၈နာရီခွဲအချိန်က ပဲခူးလမ်း ရပ်ကွက်၌ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပဲခူးလမ်းရပ်ကွက်အတွင်းရှိ လမ်းဝဲ/ ယာများမှ အဓိကရေထွက်ပေါက်များ ရေနုတ်မြောင်းများအတွင်းရှိ အမှိုက်များ၊ ရေနုတ်မြောင်းများကို လူအင်အား၊ စက်န္တရားများဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးခိုင်ထွန်းဦးဆောင်ပြီး ဝန်ထမ်းများ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့များက ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ခင်ခင်မာ