သတင်းများ

အုတ်တွင်းမြို့နယ်ရှိ ရပ်ကွက်များအတွင်း ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများတူးဖော်ဆောင်ရွက်
Jul 07,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ရှိ ရပ်ကွက်များအတွင်း မိုးတွင်းကာလ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများ တူးဖော်ခြင်းကို ယနေ့နံနက်ပိုင်း ၈နာရီခွဲအချိန်က ပဲခူးလမ်း ရပ်ကွက်၌ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jul 07,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြန့်ပွားမှုမရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ လမ်းဆုံနေရာများ၌ နှာခေါင်းစည်းများ ဖြန့်ဝေခြင်းများနှင့် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ကုသခြင်း လုပ်ငန်းစဉ်များ ပိုမိုထိရောက်ရန် ဈေးအတွင်းမှ စားသောက်ကုန်နှင့် ဆေးဝါးရောင်းချနေသော ဆိုင်မှအပ ကျန်ဆိုင်များ ဖွင့်လှစ်ရောင်းချခြင်း ပိတ်ထား
Jul 07,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင် ၊ နမ့်ခမ်းမြို့၌ မျိုးရိုးဗီဇပြောင်း ကူးစက်မြန်သည့် ကိုဗစ် -၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ကုသခြင်း လုပ်ငန်းစဉ်များ ပိုမိုထိရောက်ရန် မြို့နယ် စည်ပင်သာယာရေးဦးစီးဌာန နယ်နိမိတ်အတွင်းရှိ ဈေးတွင်းဈေးပြင်တွင် ရောင်းချသည့်ဆိုင်များမှ စားသောက်ကုန်နှင့် ဆေးဝါးရောင်းချသည့် ဆိုင်မှအပ ကျန်ကုန်ဆိုင်များ ဖွင့်လှစ်ရောင်းချခြင်းကို ဇူလိုင်လ (၇) ရက်နေ့မှ (၁၅)ရက်နေ့အထိ ပိတ်ထားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ကြော်ငြာထားကြောင်း သိရသည်။
နတ်တလင်းမြို့နယ်တွင်၊ ကျား (၁) ဦး၊ မ (၁) ဦး ထပ်မံ၊ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ
Jul 07,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် Quarantine  Centre‌  ဆေးစစ်ဌာနမှ (၁၃) ဦးကို ယနေ့နံနက်ပိုင်းတွင် RDT  Test  Kit ဖြင့် ဆေးစစ်ရာ ကျား (၁) ဦး၊ မ (၃) ဦး ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။
မြဝတီမြို့ မဲကနယ်ကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Jul 07,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများ များပြားလာသဖြင့် အသိပညာပေး နှိုးဆော်မှုများအား အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့်ဖြင့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မဲကနယ်ကျေးရွာအတွင်း လိုက်လံ နှိုးဆော်ခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်တွင် ယနေ့အထိ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ (၂၂)ဦးတွေ့ရှိ
Jul 07,2021
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ သံသယလက္ခဏာရှိသူများအား RDT Test Kit ဖြင့် စစ်‌ဆေးခဲ့ရာ ဇွန်လ(၃၀)ရက်နေ့မှ ဇူလိုင်(၇)ရက်‌နေ့အထိ၊ အမှတ်(၁)ရပ်ကွက်မှ(၃)ဦး၊ (၂)ရပ်ကွက်မှ(၁)ဦး၊ (၄)ရပ်ကွက်မှ(၁)ဦး၊ (၇)ရပ်ကွက်မှ(၉)ဦး ၊ (၉)ရပ်ကွက်မှ(၂)ဦး၊ ဇွဲထော်ကျေးရွာမှ (၂)ဦး၊‌ညောင်လေးပင်ကျေးရွာမှ (၁)ဦး၊ မုဒိတာကျေးရွာမှ(၃)ဦး စုစုပေါင်း ကိုဗစ်-‌၁၉ရောဂါပိုးရှိသူ အတည်ပြုလူနာ( ၂၂)ဦး‌ရှိပြီး သေဆုံးသူတစ်ဦးရှိကြောင်း သိရှိသည်။
တောင်ကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါ Positive အတည်ပြုလူနာများ ဆေးကုသထားနိုင်ရန် အဆောင်များအား ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်
Jul 07,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ရုံးကြီးလမ်းဘေးရှိ ယခင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး (အဟောင်း)၌ ဇူလိုင်လက ကိုဗစ်-၁၉ ရောဂါ နှာခေါင်းတို့ဖက် စစ်ဆေးဌာနအား ဖွင့်လှစ်ထားရှိရာ နေ့စဉ် ဒေသခံ ပြည်သူများက မိမိကိုယ်ကို သံသယဖြစ်သူများ လာရောက်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါ Positive အတည်ပြုလူနာများ တွေ့ရှိရကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 07,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီ က ကျိုင်းတုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။