ခရမ်း ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ဇွန် ၂၈ ရက်နေ့မှဇူလိုင် ၆ ရက်နေ့အထိကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၈၄) ဦး တွေ့ရှိခဲ့ကြောင်း မြို့နယ် ကိုဗစ် -၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ လူနာများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ တိုးချဲ့လူနာဆောင်နှင့် ခရမ်းမြို့ မိုးကုတ်ရိပ်သာတွင်ထားရှိ၍ ကျန်းမာရေးစောင့်ရှောက်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ပိုးတွေ့လူနာများ၏ အတူနေမိသားစုဝင်များအား အသွားအလာကန့်သက်၍ မိမိနေအိမ်များတွင်ထားရှိပြီး စောင့်ကြပ်ကြည့်ရှု စစ်ဆေးထားရှိလျက်ရှိကြောင်း သိရသည်။
ခရမ်းမြို့နယ်တွင် ဇူလိုင် လ ၆ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာပေါင်း ( ၈၄ )ဦး ထိရှိလာပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ ၊ ကြက်ခြေနီ ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းဝင်များ ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ပူးပေါင်းကာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုမင်း