နတ်တလင်းမြို့နယ်တွင်၊ ကျား (၁) ဦး၊ မ (၁) ဦး ထပ်မံ၊ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ

 

နတ်တလင်း ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် Quarantine  Centre‌  ဆေးစစ်ဌာနမှ (၁၃) ဦးကို ယနေ့နံနက်ပိုင်းတွင် RDT  Test  Kit ဖြင့် ဆေးစစ်ရာ ကျား (၁) ဦး၊ မ (၃) ဦး ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။

  အဆိုပါ Positive အဖြေထွက်ရှိသူ (၄) ဦးအား၊ ဝံသာနုရက္ခိတအသင်းမှ မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသပေးလျက်ရှိကြောင်းနှင့် နတ်တလင်းမြို့နယ်တွင် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူစုစုပေါင်း (၄၅) ဦးဖြစ်ပြီး (၆) ဦးမှာ ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

  ထားထားဦး