သတင်းများ

(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖိတ်ခေါ်အလွတ်တန်း(ဂိုးလတ်) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Mar 01,2020
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျေးရွာအုပ်စု အလွတ်တန်း (ဂိုးလတ်)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၄ နာရီက ကျင်းပခဲ့သည်။
တွန်းဇံမြို့၌ ပြည်သူ့စကားဝိုင်းကျင်းပ
Feb 29,2020
ကိုရိုနာဗိုင်ရပ်စ်အကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ(၁)နာရီအချိန် တွန်းဇံမြို့၊ ချင်းရွှေပြည်အားကစား ခန်းမတွင် ကျင်းပသည်။
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်နည်းသင်တန်း ဖွင့်လှစ်
Feb 29,2020
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ကောလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူငယ်ရေးရာ ကော်မတီတို့ ပူးပေါင်း၍ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်နည်းသင်တန်းကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပခဲသည်။
(၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံဖွင့်ပွဲ ကန့်ဘလူမြို့၌ကျင်းပ
Feb 29,2020
မြို့နယ်မှ ပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်ပေးမည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တိုင်းရင်းဆေးပညာ ဦးစီးဌာန၏ (၁၆) ခုတင်ဆံ့ ကန့်ဘလူမြို့ တိုင်းရင်းဆေးရုံဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီ ၁၀ မိနစ်က ကန့်ဘလူမြို့ အမှတ်(၃)ရပ်ကွက်ရှိ အဆိုပါဆေးရုံ၌ ကျင်းပသည်။
ဒလမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ နယ်လှည့်ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်
Feb 29,2020
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ နယ်လှည့်ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီက ညောင်ငုတ္တိုလ် ကျေးရွာအုပ်စုရှိ အင်ကြင်းပွင့်မင်္ဂလာခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် ဆန်းစစ်ခြင်း အခမ်းအနား ဖလမ်း၌ကျင်းပ
Feb 29,2020
တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် အခွင့်အရေးများကို သိရှိနိုင်ရန်နှင့် ကာကွယ်စောင့်ရှောက်ရာတွင် နိုင်ငံတော်၏ အခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရးအတွက် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် ဆန်းစစ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီခွဲက ဖလမ်းမြို့၊ မြို့နယ်ခန်းမ၌ ကျင်းပသည်။
ပခုက္ကူ ရေလာလေးကျေးရွာ မူလတန်းလွန်ကျောင်းသို့ laptop ကွန်ပျူတာတစ်စုံလှူဒါန်း
Feb 29,2020
ပခုက္ကူမြို့နယ်၊ ရေလာအုပ်စု၊ ရေလာလေးကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းသို့ laptop ကွန်ပျူတာတစ်စုံ လှူဒါန်းပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါ ကျောင်း၌ ကျင်းပသည်။