စေတုတ္တရာ ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေ ရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ( ၁၀ )နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း ဆောင်ရွက်ရာ တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ကပစ(၂၀) တပ်ဖွဲ့ဝင်တို့ ပူးပေါင်း၍ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်စေရေးနှင့် ကြိုတင် ကာကွယ်နိုင်ရေးအတွက် မိမိတို့နေအိမ်အတွင်း၌သာ နေထိုင်ကြရန် မလိုအပ်ဘဲအပြင်သို့ လုံးဝ မထွက်ကြ ရန်နှင့် မဖြစ်နေထွက်ရပါက လည်းနှာခေါင်းစည်းများ တပ်ဆင်ပြီးမှသာ အပြင်သို့ထွက်ခွာ ကြရန် ၊ လူစု လူဝေးများမပြုလုပ်ရန် ကန့်သတ်ချက်အား လိုက်နာဆောင်ရွက်ကြရန် ပျက်ကွက်သူများကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်များကိုလည်း တိကျ စွာ လိုက်နာဆောင်ရွက် ကြရန် မြို့ပေါ်ရပ်ကွက်များ၌ လိုက်လံ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ပေါက်ပေါက်