တံတားဦး ဇူလိုင် ၁၆
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဌာနမှ ကောင်းမွန်သော တိရစ္ဆာန် မွေးမြူရေး ကျင့်စဉ်သင်တန်းကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့နယ် ပန်းယျ ကျေးရွာ ရတနာမဉ္ဇူဘုရား ဓမ္မာရုံ၌ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူ ဒေါက်တာ ဇော်မင်းဦးက ကောင်းမွန်သောတိရိစ္ဆာန်မွေးမြူရေးကျင့်စဉ် သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ဌာနမှရေးဆွဲထုတ်ပြန်ထားရှိသည့် အချက်(၆)ချက်ရှိပါကြောင်း ၊ အရည်အသွေး ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် ထုတ်ကုန်များမွေးမြူထုတ်လုပ်နိုင်ရေး ၊ ပြည်တွင်းစားသုံးမှုဖူလုံကာ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို ထောက်ပံ့ပေးနိုင်ရေး ၊ (GAHP)ကို စနစ်တကျလိုက်ပါ ကျင့်သုံးခြင်းဖြင့် အရည်အသွေးကောင်းမွန်သည့် တိရိစ္ဆာန်နှင့် တိရိစ္ဆာန်ထွက်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး ၊ ခြံအလုပ်သမားများ လုပ်ငန်းခွင်တွင် ဘေးအန္တရာယ်ကင်းရှင်းရေး ၊ မိမိတို့ခြံမှထွက်ရှိသော အသား ၊ နို့ ၊ ဥစသည့်တို့ကို စားသုံးသူများ အန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေး ၊ ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းလာခြင်းနှင့် ဇိဝလုံခြုံမှုပိုမိုကောင်းမွန်လာပြီး ကူးစက်ရောဂါကျရောက်မှုမရှိရေး စသည့်အ ကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ သက်ဆိုင်ရာဌာနဆိုင်ရာများ ၊ တံတားဦးမြို့နယ် ပန်းယျကျေးရွာမှ သင်တန်းသား ၊ သင်တန်းသူ(၁၅)ဦး တက်ရောက်ကြပြီးသင်တန်းကို( ၂ )ရက်ကြာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း နှင့် တိရိစ္ဆာန်မွေးမြူထုတ်လုပ်ရေးသင်တန်းကိုလည်း မြို့နယ်မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနရုံး၌ သင်တန်း သား/သူ (၃၀)ဦးဖြင့် ဆက်လက်ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ထံမှသိရသည် ။
အောင်ကျော်မိုး(တံတားဦး)