သတင်းများ

မူဆယ်မြို့နယ်မှ မူဆယ်မြို့၊ စာစစ်ဌာနသို့ တက္ကသိုလ်ဝင်တန်းလာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများကို ထောက်ပံ့ကြေးပေးအပ်
Mar 14,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်အတွင်းရှိ မုံးကိုးမြို့၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ မန့်ဟီးရိုးမြို့နှင့် မုံးပေါ်ဒေသတို့မှ မူဆယ်မြို့၊ စာစစ်ဌာနသို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများကို ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က သွားရောက် ထောက်ပံ့ပေးအပ်သည်။
COVID-19ဗိုင်းရပ်စ်ကာကွယ်ရေးဝတ်စုံ(PPE) အသုံးပြုဝတ်ဆင်နည်း တနင်္သာရီမြို့နယ် ကျန်းမာရေးဝန်ထမ်းများအား အသိပညာပေး သရုပ်ပြ
Mar 14,2020
ကမ္ဘာ့နိုင်ငံအများအပြားတွင် လတ်တလောဖြစ်ပွားနေသည့် Coronavirus ကြောင့် ကူးစက်ပျံ့နံ့လျက်ရှိသည့် COVID-19  လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်များနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောပွဲနှင့် COVID-19 ဗိုင်းရပ်စ် ကာကွယ် ရေးဝတ်စုံ(PPE) အသုံးပြုဝတ်ဆင်နည်း လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့  မွန်းလွဲ ၁၂နာရီ ခွဲအချိန်က တနင်္သာရီတိုင်းဒေသကြီး  မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ အတွင်း ပြုလုပ်ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလင်းထိုက်နှင့် လက်ထောက်ဆရာဝန်များ၊ သူနာပြုဆရာမများ၊ ဓါတ်ခွဲခန်းဝန်ထမ်းများ၊ ကျန်းမာရေး ဌာနဝန်ထမ်းများ တက်ရောက်ခဲ့သည်။
စဉ့်ကိုင်၌ COVID-19နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Mar 14,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် Corona virus Disease-2019 (COVID-19) ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့နံနက် (၁၀)နာရီခွဲက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေးခန်းမ တွင် ကျင်းပခဲ့သည်။
လှည်းကူးမြို့နယ်၌ ကိုရိုနာဗိုင်းရပ်(စ်) ကူးစက်ရောဂါ (COVID-19) နှင့် ပတ်သက်၍ အသိပညာပေးဟောပြော
Mar 14,2020
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေးကွင်းဆင်းသင်တန်းကျောင်းတွင် ကိုရိုနာဗိုင်း(စ်)ကူးစက်ရောဂါ(COVID-19) သံသယရှိလူနာများအား ကျန်းမာရေးစောင့်ရှောက်နိုင်ရန် ကွင်းဆင်းကြည့်ရှုခဲ့မှု အပေါ် မတ်လ(၁၄)ရက်နေ့တွင် စုပေါင်းလမ်းလျှောက် ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း ဖိတ်စာများဖြန့်ဝေခဲ့မှုနှင့်ပတ်သက်၍ ပြည်သူများ စိုးရိမ်ထိတ်လန့်မှုမရှိစေရေးနှင့် အယူအဆလွဲမှားမှု မရှိစေ ရန်အတွက် ကိုရိုနာဗိုင်းရပ်(စ်)ကူးစက်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို မတ်လ (၁၃)ရက် မွန်းလွဲ (၁) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမတွင် ကျင်းပခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်အကြောင်း အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 14,2020
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ကျောက်ဆောက်ကျေးရွာ တွင် ကျင်းပခဲ့သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနား ဒိုက်ဦး၌ ကျင်းပ
Mar 14,2020
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင် က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
လေးမျက်နှာမြို့နယ်တွင် အသက်ကယ် အောက်စီဂျင်အိုးများနှင့် ဆက်စပ် ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ ကျင်းပ
Mar 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မုဒိတာ အိမ်ရာ(၁) မုဒိတာတွဲလက်များ အောက်စီဂျင်လေ အလှူတော်အသင်းနှင့် ကျေးရွာအလှူရှင်များ စုပေါင်း၍ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ကြီးပေါက်ကုန်းအုပ်စု၊ နင်းကြမ်းကျေးရွာရှိ ဖြူစင်မေတ္တာနာရေးနှင့် လူမှု ကူညီရေးအသင်းသို့ အသက်ကယ်အောက်စီဂျင်အိုးများနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ် လှူဒါန်းပွဲကို အဆိုပါကျေးရွာရှိ ဗုဒ္ဓဝါဒီ ကျောင်းတိုက်၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပ ပြုလုပ်သည်။
လယ်ဝေးမြို့ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ကျေးရွာ(၁၄)ရွာသို့ ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ
Mar 14,2020
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကျေးရွာ(၁၄)ရွာသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက လယ်ဝေးမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။