သတင်းများ

Stay at Home အစီအစဉ် အရ ထုတ်ပြန်ထားသည့်စည်းကမ်းချက်များ ပုသိမ်ကြီးမြို့နယ် အတွင်းရှိ ပြည်သူများ လိုက်နာမှု ရှိ/မရှိ စစ်ဆေးမှုများ ဆောင်ရွက်
Jul 24,2021
မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၌ နေအိမ်တွင် နေထိုင်ရေး (Stay at Home) တွင် အကျုံးဝင် သည့် ပြည်သူများ လိုက်နာရမည့်စည်းကမ်းချက်များ နှင့်အညီ လိုက်နာခြင်း ရှိ / မရှိ ယမန်နေ့ နေ့လည်ပိုင်းက မြို့ဝင် / မြို့ထွက် စစ်ဆေးရေးဂိတ်များသို့ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
Oxygen Plant၊ Oxygen Concentrator Oxygen Cylinder များ အပါအဝင် အခြားသော COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးတွင် အသုံးပြုသည့် ဆေးဝါးများ၊ ပစ္စည်းကိရိယာများ သိမ်းဆည်း သိုလှောင်ထားခြင်း ရှိ/ မရှိ ကွင်းဆင်းစိစစ်
Jul 24,2021
မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၏ ညွှန်ကြားချက်အရ ကုတင်(၅၅၀)ဆံ့ ကလေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီး (မန္တလေး)နှင့် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးများသို့ သွားရောက်ပြီး Oxygen Plant၊ Oxygen Concentrator Oxygen Cylinder များ အပါအဝင် အခြားသော COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးတွင် အသုံးပြုသည့် ဆေးဝါးများနှင့် ဆေးဘက် ဆိုင်ရာပစ္စည်းကိရိယာများ သိမ်းဆည်း သိုလှောင်ထားခြင်း ရှိ/ မရှိ ကွင်းဆင်းစိစစ်ခြင်းကို ယမန် နေ့လည် ၁၁နာရီမှ နေ့လည် ၂နာရီထိ ဆောင်ရွက်ခဲ့သည်။
ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေး အလှူငွေများလှူဒါန်း
Jul 24,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အောက်ဆီဂျင် စက်ရုံ တည်ဆောက်နိုင်ရေး အလှူငွေများကို ဇူလိုင် ၂၃ ရက်က အလှူရှင်များ က လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်မည့် အောက်ဆီဂျင်အရည် တန် ၂၀ သယ်ဆောင်လာသည့် မော်တော်ယာဉ် မြဝတီနယ်စပ်မှ ထွက်ခွာ
Jul 24,2021
ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် အောက်ဆီဂျင် အပါအဝင် ကိုဗစ်အထောက်ကူပြုဆေးနှင့်ပစ္စည်းများ တင်သွင်းမှုကို မြဝတီနယ်စပ်မှ တစ်ဆင့် တင်သွင်းခွင့်ပြုပေးလျက်ရှိရာ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်မည့် အောက်ဆီဂျင်အရည် တန် ၂၀ သယ်ဆောင်လာသည့် မော်တော်ယာဉ်သည် ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်က မြဝတီကုန်သွယ်ရေး ဇုန်မှထွက်ခွါသွားကြောင်း သိရသည်။
မကွေးခရိုင်၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအဝေးကျင်းပ
Jul 24,2021
မကွေးခရိုင်၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မကွေးမြို့နယ်၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ် ကုသနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက မကွေးမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
"ကိုဗစ်-၁၉ ရောဂါဟာ ပြည်သူတစ်ရပ်လုံး စည်းကမ်းလိုက်နာပြီး ရောဂါကာကွယ်ရေး လုပ်ငန်း များတွင် ပူးပေါင်းဆောင်ရွက်မှသာ ဒီရောဂါဆိုးကြီးကို အမြန်တွန်းလှန်နိုင်မည်ဖြစ်"
Jul 24,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ လင်းထိုက်အား ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ ဇူလိုင်လ ၂၃ ရက်နေ့ကတွေ့ဆုံမေးမြန်းထားပါသည်။
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူး၍ မြို့လုံးကျွတ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကျင်းပ
Jul 24,2021
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကျင်းပသော ၂၀၂၁ ခုနှစ် (၁၈)ကြိမ်မြောက် မြို့လုံးကျွတ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဧရာဝတီတိုင်းဒေသကြီး COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီး တိုင်းကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများကို တိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း
Jul 24,2021
ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ မြို့နယ်များတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အခြေအနေများ၊ ကာကွယ်ရမည့် နည်းလမ်းများနှင့် ဆောင်ရန်၊ ရှောင်ရန်များကို ပြည်သူများ သိသင့် သိထိုက်သည်များသိရှိနိုင်စေရန် ဇူလိုင်လ ၂၃ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး တိုင်းကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာဇော်မင်းထွန်းနှင့် တွေ့ဆုံမေးမြန်းချက်များအား ဖော်ပြအပ်ပါသည်။