သတင်းများ

ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးအတွက် အောက်ဆီဂျင်စက်ဝယ်ယူရန်အလှူငွေများလှူဒါန်း
Jul 24,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောင်တရားမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် လိုအပ်နေသော အောက်ဆီဂျင်စက်ဝယ်ယူရန် အလှူငွေများကို အလှူရှင်များက နောင်တရားတိုက်နယ်ဆေးရုံသို့ လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများအတွက် ကူညီ​ဆောင်ရွက်​ပေးသည့် ပရဟိတလူမှုကူညီ ကယ်ဆယ်​ရေးအဖွဲ့များ ​ထောက်ပံ့​ရေးပစ္စည်းပေးအပ်
Jul 24,2021
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယ​နေ့ နံနက် ၉ နာရီခွဲက မော်လမြိုင်တက္ကသိုလ်ရှိ (၁၀)မြို့နယ်ဆောင်သို့ ​ သွားရောက် ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများတွင် ကူညီ​ဆောင်ရွက်​ပေး​သည့် ပရဟိတလူမှု ကူညီကယ်ဆယ်​ရေးအဖွဲ့များနှင့် တွေ့ဆုံကာအား​ပေးစကား​ပြောကြား၍ အဆိုပါ အဖွဲ့များအတွက် PPE ဝတ်စုံများ အပါအဝင် ​ထောက်ပံ့​ရေးပစ္စည်း ကြက်ဥ၊ ​ခေါက်ဆွဲ​​ခြောက် စသည်တို့ကို ထောက်ပံ့​ပေးအပ်သည်။
ရန်ကင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာဖွင့်လှစ် မည့်နေရာအား ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး လာရောက် ကြည့်ရှု
Jul 24,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အမှတ် ၁၁ ရပ်ကွက် ရှိ ရန်ကင်း ပညာရေးဒီဂရီကောလိပ်ကျောင်းဝင်းသို့ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာ ဖွင့်လှစ်မည့်နေရာ အား ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းအုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်တို့မှ ယနေ့ နံနက် ၈ နာရီက လာရောက် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
တိုင်းစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်ပဲခူးမြို့နယ်အတွင်းရှိ ပရဟိတအသင်းအဖွဲ့များတွေ့ဆုံပွဲအခမ်းအနားကျင်းပ
Jul 24,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်တွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဦးမျိုးဆွေဝင်း ယနေ့နံနက်(၁၀)နာရီအချိန်က ဟံသာဝတီရပ်ကွက်၊ မြို့တော်ခန်းမ၌ ပရဟိတ လူငယ်အဖွဲ့များတွေ့ဆုံပွဲ အခမ်အနားကျင်းပကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အောက်ဆီဂျင်စက် ၀ယ်ယူရန်အလှူငွေများ လှူဒါန်း
Jul 24,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်း မြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် လိုအပ်သော အောက်ဆီဂျင် စက်ဝယ်ယူရန် အလှူငွေများကို ယမန်နေ့ မွန်းလွဲပိုင်းတွင် အလှူရှင်များက လာရောက်လှူဒါန်းခဲ့ကြသည်။
ဝေါမြို့နယ် စိုင်တီစုကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တစ်ချို့ပျက်စီး
Jul 24,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် စိုင်တီစုကျေးရွာအုပ်စုတွင် ယမနေ့ မွန်းလွဲ (၁၆)နာရီ ၄၀ မိနစ်အချိန်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လေပြင်းတိုက်ခတ်မှု ဖြစ်ပွားလျက် ရှိကြောင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးသိန်းထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင် များက လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် မိသားစုဝင်များ ကူညီဆောင်ရွက် ပေးခဲ့ကြသည်။
မိုးရာသီသစ်ပင်စိုက်ပွဲတော်ကျင်းပ
Jul 24,2021
နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၈ နာရီက သစ်တောဦးစီးဌာနမှ ၂၀၂၁နှစ် မိုးရာသီ သစ်ပင်စိုက်ပွဲတော် ကျင်းပခဲ့သည်။
မိုးရာသီသစ်ပင်စိုက်ပွဲတော်ကျင်းပ
Jul 24,2021
နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက် ၈ နာရီက သစ်တောဦးစီးဌာနမှ ၂၀၂၁ နှစ် မိုးရာသီသစ်ပင် စိုက်ပွဲတော် ကျင်းပခဲ့သည်။