မုဒုံ ဒီဇင်ဘာ ၁၇
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုးကြိုတင် ကာကွယ်ရေး အတွက် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ မြို့ပေါ်ရပ်ကွက် များနှင့်လူစည် ကာရာလမ်းဆုံလမ်းခွနေရာ များတို့၌ အသံချဲ့စက်ဖြင့်မွန်/ဗမာ နှစ်ဘာသာ ဖြင့် အသိပညာ ပေးနှိုးဆော်ခဲ့သည်။
အဆိုပါအသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် မိဘပြည်သူများ အနေဖြင့် အတတ်နိုင်ဆုံးအိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ် သို့ပြင်ပမှ ဧည့်သည်များ လက်မခံရန်နှင့် အခြားသူများ ထံသို့သွားရောက် မလည်ပတ်ရန်၊ အရေးကြီး ကိစ္စနှင့် အပြင်ထွက်ပါက လူတိုင်း Mask ကို စနစ်တကျတပ်ဆင်ရန်၊ လူစုလူဝေးရှိသော နေရာများကို ရှောင်ကြဉ်ရန်၊ လက်ကိုမကြာ ခဏဆေးရန်၊ လက်မဆေးဘဲပါးစပ်၊ နှာခေါင်း မျက်စိတို့ကို ပွတ်သပ်ကိုင်တွယ်ခြင်း မပြုလုပ်ရန်၊ လေဝင်လေထွက် ကောင်းသောအခန်း ၌သာနေထိုင်ရန်၊ ရောဂါကူးစက်ခံရပါက နီးစပ်ရာကျန်း မာရေးဌာနသို့ ဆက်သွယ်၍ မပျက်မ ကွက် ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါသည် သက်ကြီးရွယ်အို များနှင့် ဆီးချို၊ နှလုံး၊ သွေးတိုးရှိသူများကို ကူးစက်ခံရပါကဝေဒနာ ပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ကိုပါထိခိုက်နိုင် သဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့်စည်းကမ်းချက်များအတိုင်းပြည်သူများအားလုံး ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းနှိုးဆော်ခဲ့ ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)