စဉ့်ကိုင် ဒီဇင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဘယ်လင်းကျေးရွာအုပ်စု တောင်ဦးကျေးရွာ ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့်ကျေးရွာအတွင်း ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ယနေ့ နံနက် ၁၀ နာရီကစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးအေးမင်းနိုင်နှင့် ဝန်ထမ်းများက ဘယ်လင်းကျေးရွာအုပ်စု တောင်ဦးကျေးရွာ တွင် ကွန်ကရစ်လမ်း ခင်းခြင်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း(VDP) ရန်ပုံငွေ သိန်း(၁၀၀)ကျပ်နှင့် ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် လမ်းအရှည်ပေ (၆၅၀)ပေ ၊အကျယ် (၁၂)ပေ ၊ ထု(၆)လက်မကို ခင်းကျင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ပြီးစီးသွားပါက ကျေးရွာနေပြည်သူများ အလွယ်တကူ သွားလာနိုင်သည့်အပြင် ပညာရေး၊ ကျန်းမာရေး ၊ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက် သွားမည်ဖြစ်ပြီး စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အနေဖြင့် ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ခြင်း၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေများ ထုတ်ချေးပေးခြင်း စသည့်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဦးအောင်ပိုင်ပိုင်ကျော်