သတင်းများ

ပိုင်ကျုံတိုက်နယ်‌ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) စတုတ္ထအသုတ် (ဒုတိယ)အကြိမ် စတင်ထိုးနှံ‌ပေးလျက်ရှိ
Dec 17,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု   အမြန်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်   သံဃာတော်များ၊   အသက်(၁၈) နှစ်အထက် ဒေသခံပြည်သူများ၊    အကြောင်းအမျိုးမျိုးကြောင့်   ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိ နေသေးသည့်  ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများနှင့်  ဈေးရောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဒီဇင်ဘာလ(၁၇) ရက်နေ့ယ‌နေ့ နံနက်(၈)နာရီအချိန်မှ စတင်၍ စတုတ္ထအသုတ် (ဒုတိယ)အကြိမ်အဖြစ် လူဦးရေ (၁၀၀၀)အား စတင်ထိုးနှံပေးလျက်ရှိကြောင်း  သိရသည်။
ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
Dec 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမူဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
လှိုင်းဘွဲမြို့နယ်တွင် ပဉ္စမအသုတ်(ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ
Dec 17,2021
  ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဒေသနေ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ပဉ္စမအသုတ် (ဒုတိယ အကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို  ယနေ့နံနက်ပိုင်း လှိုင်းဘွဲမြို့ အောင်ဆန်း ခန်းမ၌ ထိုးနှံပေးခဲ့ ကြောင်းသိရသည်။
ဒေးဒရဲမြို့နယ်၌ ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ
Dec 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က စိုက်ပျိုးရေးတောင်သူများအား ဆောင်းရာသီ သီးနှံစိုက် ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
တမူးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံမည့်အစီအစဉ်များအား အသိပေး လိုက်လံ နှိုးဆော်
Dec 17,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံမည့် အစီအစဉ်များအား အသိပေးနှိုးဆော်ခြင်း ကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်၌ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုနေမှုအား ကြည့်ရှုစစ်ဆေး
Dec 17,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ အခြေခံမဲဆန္ဒရှင် လူဦးရေစာရင်း ပြည့်စုံမှန်ကန်ရေးအတွက် မဲဆန္ဒရှင်စာရင်း ပြုစုခြင်း လုပ်ငန်းနှင့် အခြေခံမဲစာရင်းပြုစုခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့က ယမန်နေ့ နံနက် ၉ နာရီခွဲက ကြည့်ရှု စစ်ဆေး ခဲ့သည်။
မင်းလှမြို့နယ်၌ သရက်(ပိတောက်ပင်)-မင်းလှလမ်း ကုန်းမြင့်ဖြတ်ထုတ်ခြင်း လုပ်ငန်းနှင့် ကတ္တရာလမ်းသစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး
Dec 17,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ၆ လတွင် မကွေးတိုင်း‌ဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် သရက် (ပိတောက်ပင်)-မင်းလှ လမ်းအား ကုန်းမြင့်ဖြတ်ထုတ်ခြင်း လုပ်ငန်းနှင့် ကတ္တရာ လမ်းသစ်ခင်းခြင်း လုပ်ငန်းများကို မင်းလှမြို့နယ် လမ်းဦးစီးဌာနမှ ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ဘားအံမြို့ ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူသိရှိလိုက်နာရမည့်အချက်များနှင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ရောဂါအကြောင်း အသိပညာပေးနှိုးဆော်
Dec 17,2021
ကရင်ပြည်နယ် ၊ ဘားအံမြို့နယ်တွင် ကိုဗစ်၁၉ ရောဂါနှင့် မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူသိရှိလိုက်နာရမည့်အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စဉ်ဆက်မပြတ် အသိ ပညာပေး နှိုးဆော်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအတွင်း အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။