မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိနိုင်ရန် မြေစိုက်နံရံကပ် ပြဘုတ်တွင်ပြသထားရှိ

ဖောင်းပြင် ဒီဇင်ဘာ   ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် ဌာန၏လုပ်ငန်းကဏ္ဍမျိုးစုံမှ ဆောင်ရွက်လျက်ရှိရာ မူးယစ်ဆေးဝါး ဆိုင်ရာ ဆိုးကျိုးများအကြောင်းကို နံရံကပ်စာစောင်ပြုလုပ်၍ ပြည်သူများအလွယ်တကူကြည့်ရှုလေ့လာနိုင်ရန် ဌာနပိုင်မြေစိုက်နံကပ်ပြဘုတ်တွင် ယမန်နေ့က စတင်၍ကပ်ထားပြသခဲ့ သည်။

ထိုသို့ပြသထားရာတွင် မူးယစ်ဆေးဝါးသုံးစွဲသူများ ခံစားနေကြရသည့် ရောဂါများအကြောင်းနှင့်၎င်းတို့ ၏မိသားစုဝင်ကိုပင် ကူးစက်နိုင်သည့် ရောဂါများအကြောင်းကို ပြသထားရှိသည်။ ထို့ပြင် မြို့နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူများလျှော့နည်းစေရေးနှင့် မူးယစ်ဆေးဝါးကြောင့် နောက်ဆက်တွဲရောဂါများအ ကြောင်းကို ရှာဖွေစစ်ဆေးပေးလျက်ရှိပြီး အခြားကျန်းမာရေးဆိုင်ရာများတွင် ပါဝင်ကူညီလျက်ရှိသည့် (MANA) အဖွဲ့အစည်းမှ ပေးပို့သော မူးယစ်ဆေးဝါး အစားထိုးတိုက်ကျွေးသည့်မက်သာဒုံးဆေးအ ကြောင်းသိကောင်းစရာ လက်ကမ်း စာစောင်များကို ပြသထားရှိပြီး လူအများစိတ်ဝင်တစား ကြည့်ရှုလေ့ လာလျက်ရှိကြောင်းသိရသည်။

ကိုထွန်း(ဖောင်းပြင်)