မင်းတုန်းမြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် ဆောင်ရွက်ချက် မှတ်တမ်း ဓာတ်ပုံများ မြေစိုက်နံရံကပ်ဘုတ်ခင်းကျင်း ပြသ

သရက် ဒီဇင်ဘာ ၁၇

မင်းတုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှိမြေစိုက်နံရံကပ် ပြဘုတ်တွင် ပြည်သူများသိရှိစေရန် အသိပညာပေး နံရံကပ်စာစောင်များ ပြသလျက်ရှိရာ ယနေ့ နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်း ဓာတ်ပုံများကို ပြသဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ချမှတ်၍ ဆောင်ရွက်နေသည့် မှတ်တမ်း ဓာတ်ပုံများအား  ဒေသခံပြည်သူနှင့် ကျောင်းသား၊ ကျောင်းသူများ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ပြီး အကျယ်တဝင့်သိရှိနိုင်စေရန် ရည်ရွယ်၍ ရှေ့လုပ်ငန်းစဉ်(၅) ရပ်ပါသည့် ဆောင်ရွက်ချက် ဗီနိုင်းပိုစတာနှင့် ဦးတည်ချက်(၉)ရပ်ဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆောင်ရွက်ချက်မှတ်တမ်း ဓာတ်ပုံများပါဝင်သော ဗီနိုင်းပိုစတာများကို ပြသ ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/‌ဆက်)