ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်)ရောဂါအသိပညာပေးနှိုးဆော်

ကျိုက်ထို  ဒီဇင်ဘာ  ၁၇

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉  ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရန်နှင့်ကြိုတင် ကာကွယ် ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ကျိုက်ထိုမြို့နယ်ရုံးဝန်ထမ်း များကယနေ့နံနက်ပိုင်း က မြို့ပေါ်ရပ်ကွက်အတွင်း လှည့်လည်နှိုးဆော်ခဲ့ကြသည်။

ထိုသို့ အသိပေးနှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု မခံရစေရေး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးလမ်းညွှန်ချက်များအား တိတိကျကျ လိုက်နာကြရန်နှင့် ဧည့်သည်များ လက်ခံခြင်းမပြုရန်၊ နေအိမ်ပြင်ပသို့ထွက်လျှင် နှာခေါင်းစည်း (Mask) တပ်ခြင်း၊ စနစ်တကျ လက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှု ခံယူခြင်း ကို အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန်နှင့် အိုမီခရွန် (omicron) အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇ ပြောင်းရောဂါ ပိုးများကိုသတိပြုကာ မိမိကစ၍ကာကွယ်ရန်၊ ကိုဗစ်-၁၉ ရပ်တန့်ရေး ရောဂါ ကာကွယ်ရေးနည်း လမ်းများကို အားလုံးဆက်လက်လိုက်နာဆောင်ရွက်ကြရန်နှင့် ကာကွယ်ဆေးထိုးနှံခြင်းကိုလည်း အကြိမ်ပြည့် ခံယူရန် စသည်တို့ကို မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာရန် အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက နှိုးဆော်ခဲ့​ကြကြောင်း သိရသည်။

သန်းသန်းမော်(ကျိုက်ထို)