ဘုရားသုံးဆူမြို့၌ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေး ပဉ္စမအသုတ် (ဒုတိယအကြိမ်) ထိုးနှံခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဆောင်ရွက်

ဘုရားသုံးဆူ ဒီဇင်ဘာ ၁၇

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ် (ဒုတိယအကြိမ်) ထိုးနှံခြင်းအား ဘုရားသုံးဆူမြို့၊ ပြည်ထောင်စုခန်းမအတွင်း၌ ယနေ့နံနက်(၉)နာရီအချိန်က ထပ်မံထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်ကာကွယ်ဆေးအား သက်ဆိုင်ရာကျန်းမာရေးဌာနမှ တာဝန်ရှိသူများမှ စနစ်တကျ ပြုလုပ်ဆောင်ရွက်ပြီး ကာကွယ်ဆေးနှင့်ပတ်သက်သည့် အသိပညာများအား ရှင်းလင်းပြောကြားခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ဗီဇပြောင်းလဲပုံစသည အသိပညာပေးများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ကာကွယ်ဆေးကို (၂)ကြိမ်တိတိ ထိုးနှံရမည်ဖြစ်ပြီး ပဉ္စမအသုတ် (ပထမအကြိမ်) အား နိုဝင်ဘာ ၁၉ ရက်နေ့တွင် ထိုးနှံသူဦးရေ(၅၀၀)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အောင်သူဟိန်း (ပြန်/ဆက်)