သပိတ်ကျင်း ဒီဇင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြည်သူများအတွက် အသိပညာပေးနံရံကပ်စာစောင်များကို လစဉ်အသစ်လှဲလှယ် ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ မြေစိုက်နံရံကပ်ပြ ဘုတ်တွင် ပြသဆောင်ရွက်ထား ကြောင်းသိရသည်။
အဆိုပါနံရံကပ် မြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်း စဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဒေသခံ ပြည်သူများ၊ ကျောင်းသား/သူများ အလွယ်အတူ ဖတ်ရှု့လေ့လာနိုင်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိစေ ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ် (၅)ရပ်အတွက် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများနှင့် ဦးတည်ချက်(၉)ရပ်တွင် ပါဝင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများကို ပြသဆောင်ရွက်ထားကြောင်း သိရသည်။
စိုးနိုင်ဝင်း (သပိတ်ကျင်း)