ကျောက်ပန်းတောင်း ဒီဇင်ဘာ ၁၇
မန္တလေးတိုင်ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို စာအုပ်စုစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ရုံးရှိ Community Centre ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ စာအုပ်စာစောင်ပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ပေးပို့သည့် သုတ/ရသ စာအုပ်များအပြင်၊ ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းဆိုင်ရာ စာပေများ၊ ကျန်းမာရေးဆိုင်ရာ စာပေများ၊ နည်းပညာရပ်ဆိုင်ရာ စာပေများနှင့် ဗဟုသုတဖြစ်ဖွယ် စာအုပ် စာပေများကို စိတ်ဝင်စားဖွယ် ခင်းကျင်းပြသထားရှိရာ၊ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသားကျောင်းသူလေးများ လာရောက်ကြည့်ရှုလေ့လာကြပြီး၊ စာအုပ်ပြပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့် ပြန်/ဆက်ရုံးမှ စာအုပ်များအခမဲ့ငှားရမ်းပေးနေမှု အခြေအနေ များ၊ အသင်းဝင်ကတ်ပြုလုပ်ရာတွင် လို အပ်သည့် အချက်အလက်များနှင့် နေ့စဉ် စာအုပ်များ ငှားရမ်းပေးနေမှုတို့ကို မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေခိုင်က ရှင်းလင်းပြောကြားခဲ့ ကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)