ပေါင်းတည်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်ခြင်းနှင့် Mask Campaign ပြုလုပ်ဆောင်ရွက်

ပေါင်းတည် ဒီဇင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင် မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်ခြင်းနှင့် Mask Campaign ပြုလုပ်ခြင်းကို ဘုရားကြီးလမ်းနှင့် မြို့မဈေး၌ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုကို ကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ သွားလာပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်နှင့် တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာ နေထိုင်ရန်တို့ကို အသိပညာပေး ပြောကြားပြီး ပါးစပ်နှင့် နှာခေါင်းစည်း Mask များကို အခမဲ့ဝေငှခဲ့ကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့ကျသော်လည်း ပြည်သူများ အနေဖြင့် ကျန်းမာရေးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များကို ဆက်လက်လိုက်နာဆောင်ရွက်ရန် လိုအပ်သည့်အတွက် အဆက်မပြတ် အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)