ကျောက်ဆည် ဒီဇင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ် စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာမခင်စောတင့် ရေးသားသည့် ''သင့်ဘဝကို ပြောင်းလဲ ပစ်နိုင်မယ့် နည်းလမ်း၆၀'' စာအုပ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်ပြည်သူ့ စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
စာဖတ်ဝို်ငးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာဖတ်ဝါသနာပါသူများ၊ စာပေကိုချစ်မြတ်နိုးသူများ၊ စာဖတ်ပရိသတ်များနှင့် စာဖတ်ဝိုင်း များ ကျင်းပပြုလုပ်ခြင်းအားဖြင့် အသိပညာဗဟုသုတများတိုးပွားစေခြင်း၊ မိတ်ဆွေအပေါင်းအသင်း များတိုးပွား ခြင်း၊ တစ်ဦး၏ အတွေးအခေါ်နှင့်အခြားတစ်ဦး၏ အတွေးအခေါ်များကို အပြန်အလှန်ဆွေးနွေးခြင်း အားဖြင့် အတွေးအခေါ်သစ်များရရှိစေခြင်းစသည့်စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာရေးဆရာမောင်ခိုင်ကျော် (ကျောက်ဆည်) ကစာရေးဆရာမ ခင်စောတင့်ရေးသားသည့် သင့်ဘဝကိုပြောင်းလဲပစ်နိုင်မယ့် နည်းလမ်း၆၀'' စာအုပ်ပါ အကြောင်းအရာများ ဖြစ်သည့် အောင်နိုင်သူဖြစ်ပါစေ၊ ပတ်ဝန်းကျင်ကောင်းအောင်တိုးမြှင့်ပါ၊ ဆက်ဆံရေးကို လင်းလက်တောက်ပပါ စေ စသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ဆက်လက်ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ဒီနေ့တစ်နေ့ လုံး မှန်တာကိုသာပြောပါ ၊တစ်သက်တာလုံးသင်ယူနေသူဖြစ်ပါစေ စသည့်အကြောင်းအရာများ ကိုဆွေးနွေး ပြောကြားရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများမှ မိမိတို့သိရှိလိုသသည်များကို အပြန်အလှန် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရသည်။
တင်တင်ထွေး