ပခုက္ကူ ဒီဇင်ဘာ ၂၀
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သူရသွင်ကိုကိုတို့သည် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးကျော်သူနှင့်အဖွဲ့များနှင့်အတူ ဒီဇင်ဘာလ ၁၉ရက် နံနက် ၉နာရီခွဲအချိန်က ပခုက္ကူမြို့၊အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူ နေကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်နှင့်မိသားစုဝင်များအား သွားရောက်တွေ့ဆုံကာ အားပေးစကား ပြောကြား ခြင်း၊ ထောက်ပံ့ငွေပေးအပ်ခြင်းလုပ်ငန်းများဆောင်ရွက်ကြပြီး ဆေးရုံကြီးအတွင်း တည်ဆောက်ထား ရှိသည့် အောက်ဆီဂျင်စက်ရုံ ပုံမှန်လည်ပတ်ထုတ်လုပ်ပေး နိုင်မှုအခြေအနေများကြည့်ရှုစစ် ဆေးခြင်း၊အရေးပေါ်လူနာကု သဆောင်များ၊ ကိုဗစ်-၁၉ရောဂါပိုးတွေ့ လူနာသီးသန့်ကုသဆောင်၊ ကျောက်ကပ်တုသွေးသန့်စင်ခန်း၊ ခွဲစိတ်ကုသ ဆောင်နှင့် CCTV တပ်ဆင် ဆောင်ရွက်ထားမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကြရာ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်းက လိုက်လံရှင်းလင်းပြသသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့်အဖွဲ့သည် ပခုက္ကူမြို့၊ လေယာဉ်ကွင်းဟောင်းရှိ အစိုးနည်းပညာအထက်တန်းကျောင်း ဝန်ထမ်းအိမ်ရာအတွက် လေးခန်းတွဲ လေးထပ် သံကူကွန်ကရစ်အဆောက်အဦတည်ဆောက်မှုအခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း၊ ပခုက္ကူ တက္ကသိုလ်တွင် (၁၆၀)ဦးဆံ့ကျောင်းသားအိပ်ဆောင်နှင့် ထမင်းစားဆောင်အဆောက်အဦ ရာနှုန်း ပြည့်တည် ဆောက်ပြီး စီးမှုနှင့် ကျွန်းရွှေဝါခန်းမဆောင်ပြန်လည်မွမ်းမံတည်ဆောက်ပြီးစီးမှုအခြေအနေတို့ကို ကွင်းဆင်း ကြည့်ရှု စစ်ဆေးကြရာ ကျောင်းတာဝန်ရှိသူများနှင့် တာဝန်ယူတည်ဆောက် သည့်ကုမ္ပဏီများက လုပ်ငန်းအသေး စိတ်ဆောင်ရွက်ချက် များအား ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဝန်ကြီးနှင့်အဖွဲ့သည် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပခုက္ကူခရိုင်နှင့်မြို့နယ်ဦး စီးမှူးရုံးမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ပန်းခင်းစီမံချက်၏ ရည်ရွယ်ချက်များ၊ထိုစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ မှန်ကန်ထိရောက်မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ရေးနှင့်ရုံး ဝန်ထမ်းများ၏ လုပ်ငန်းတာဝန်များအကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး ပန်းခင်းစီမံ ချက်ဖြင့် ဆောင်ရွက်ရန် ကျန်ရှိသည့် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက်သက်ဆိုင်ရာ တိုက်နယ် မှူးများအားပန်းခင်း စီမံချက်လုပ်ငန်းတာဝန်များကို တစ်ဦးချင်းပေး အပ်ခဲ့ကြောင်း သိရသည်။
ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)
ဦးကီးလိန်းဖေ
ဓာတ်ပုံ-၂
ပခုက္ကူခရိုင်ပြန်/ဆက်
၀၉၂၅၀၉၁၅၇၅၆