သတင်းများ

ဝါးခယ်မမြို့နယ် စပ်ထုံးကျေးရွာအုပ်စု၊ ဖက်တန်းကျေးရွာအနီးတွင် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွား
Dec 20,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် စပ်ထုံးကျေးရွာအုပ်စု၊ ဖက်တန်းကျေးရွာအနီး တွင် ယနေ့ မွန်းလွဲ(၁၂း၁၅)နာရီအချိန်က ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါး ပြိုကျသဖြင့် နေအိမ်(၁) လုံးရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် လူဦးရေစာရင်းများ ကြိုတင်ပြုစုခြင်း လုပ်ငန်းများအား ဌာနဆိုင်ရာများနှင့် ပူးပေါင်း ဆောင်ရွက် လျက်ရှိ
Dec 20,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ အလိုက် လူဦးရေစာရင်းများ ကြိုတင်ပြုစုခြင်း လုပ်ငန်းများအား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကျွန်းစုမြို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ အား နံရံကပ်စာစောင်ပြသ
Dec 20,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏
မအူပင်မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆောင်ရွက်ချက်မှတ်တမ်းဓါတ်ပုံများပြသ
Dec 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံများကို ယမန်နေ့ မွန်းလွဲပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ တန်ဘိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းအမှတ်စဉ် (၂/၂၀၂၁) ဖွင့်ပွဲအခမ်းအနား တက်ရောက်
Dec 20,2021
စစ်ကိုင်းတိုင်းဒေသကြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်း ကော်မတီ၏ တန်ဘိုးမြင့်စား သောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ် (၂/၂၀၂၁) ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ(၂၀)ရက်၊ နံနက်(၉)နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်ခန်းမတွင် ကျင်းပရာ အခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
ဖျာပုံမြို့နယ်တွင် အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ
Dec 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များသည် ကမ္ကာ့နိုင်ငံနေရာ အနှံ့အပြားတွင် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) ထပ်မံကူးဆက် ပြန့်ပွားမှု ဖြစ်ပွားလာသည်နှင့်အမျှရောဂါကြိုတင်ကာကွယ် တားဆီးနိုင်ရေးနှင့် အများပြည်သူများ သိရှိလိုက်နာနိုင်စေရန်တို့ကို ရည်ရွယ်၍ ယနေ့ နံနက် (၁၀)နာရီအချိန်က ဖျာပုံခရိုင် ပြန်/ဆက်ဦးစီးဌာန ရုံးတွင်းနံရံကပ်ဘုတ်တွင် ကိုဗစ်-၁၉ အသိပညာပေး နံရံကပ်စာစောင်များအား အသိပညာပေး ပြသခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Dec 20,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်ခန့် ကမြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Dec 20,2021
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဟူသော ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။