ရေး ဒီဇင်ဘာ ၂၀
မွန်ပြည်နယ် ရေးမြို့နယ်၌ ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်းရောဂါ အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားရာ နေရာများ၌ မွန်/မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်နှိုးဆော် ပေးလျက်ရှိသည်။
အဆိုပါအသိပေးနှိုးဆော်ရာ၌ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါပိုး မျိုးဗီဇပြောင်း အိုမီခရွှန် ရောဂါပိုးသည် မိမိတို့နိုင်ငံတွင် မဖြစ်သေးသော်လည်း အခြားသော နိုင်ငံများတွင် စတင်ဖြစ်ပေါ် လျက်ရှိသဖြင့် မိမိတို့မြို့ရွာအတွင်း မဖြစ်ပွားမီ ကြိုတင် ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ပူးပေါင်းကာကွယ်နိုင်ရန် ကိုဗစ်-၁၉ ကာကွယ်ဆေး အား အကြိမ်အပြည့်အဝ ထိုးနှံထားကြရန်၊ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများအတိုင်း တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ အပြင်ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း၊ ချောင်းဆိုး/နှာချေလျှင် တစ်ရှူး(သို့မဟုတ်)တံတောင်ကွေးဖြင့် လုံခြုံစွာဖုံးအုပ်ခြင်း၊ အပြင်မှပြန်လာတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးကြောခြင်းများဖြင့် ကိုဗစ် ရောဂါပိုးကူးစက် ပြန့်ပွားမှုလျော့နည်းကျဆင်းရေးအတွက် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင် တိုက်ထုတ်ကြရန် အသိပေး၊ သတိပေးခြင်းများကို လှည့်လည် အသိပေးနှိုးဆော်ခဲ့ပြီး ကျန်ရှိသည့် ရပ်ကွက်ကျေးရွာသို့ ဆက်လက်နှိုးဆော်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။
ခင်သိမ့်သိမ့်ရည်