စစ်ကိုင်း ဒီဇင်ဘာ ၂၀
စစ်ကိုင်းတက္ကသိုလ်တွင် ''မြန်မာ့သမိုင်းကြောင်းတစ်လျှောက် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေး လှုပ်ရှားမှုများ"ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ရန် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၀ ရက်၊ နံနက်ပိုင်းက အဆိုပါကျောင်း သိပ္ပံဆောင်- ၁ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် စစ်ကိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါကတာစိုးမြင့်အေးက အလုပ်ရုံဆွေးနွေးပွဲကို အဖွဲ့ ၄ ဖွဲ့ခွဲ၍ ဆွေးနွေးသွားမှာဖြစ်ကြောင်း၊ ဆွေးနွေးသွားမည့် ခေါင်းစဉ် ၄ ခုအနက်မှ ယခုမြန်မာ့သမိုင်း ကြောင်းတစ်လျောက် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေးလှုပ်ရှားမှုများခေါင်းစဉ်ဖြင့် ဆွေးနွေးသွားမှာဖြစ်ပြီး ရရှိလာသည့် သမိုင်းအချက်အလက်များကို စုစည်းကာ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူ ရွယ်များအား ပြန်လည်သင်ကြား မျှဝေသွားမှာဖြစ်ကြောင်းစသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး)ဆရာကြီး၊ ဆရာမကြီးများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများက အလုပ်ရုံဆွေးနွေးပွဲကျင်းပမည့် အခြေအနေများကို ဆွေးနွေးတင်ပြ ကြရာ ဆွေးနွေးချက်များအပေါ် ပါမောက္ခချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်နေ့တွင် အလုပ်ရုံဆွေးနွေးပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မြင့်နိုင်