သတင်းများ

သန်လျင်မြို့ အမှတ်(၁) ရေနံချက်စက်ရုံမှ (အငြိမ်းစား) မိဘပြည်သူများ၏ ပင်စင်လစာများ ထုတ်ပေးသွားမည်
Dec 22,2021
 ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် အမှတ်(၁) ရေနံချက်စက်ရုံမှ (အငြိမ်းစား) မိဘ ပြည်သူများ၏ ပင်စင်လစာများကို ကျန်းမာရေး စည်းကမ်းချက်များနှင့် အညီ ဒီဇင်ဘာ ၂၃ ရက် နံနက် ၈ နာရီတွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါစက်ရုံပင်စင်ဌာနစိတ်မှ သိရသည်။
ဖျာပုံမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်ဘုတ် ပြသဆောင်ရွက်
Dec 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူငယ်၊ လူရွယ်များအနေဖြင့် မူးယစ်ဆေး၏ ဆိုးကျိုးများကို သိရှိနားလည်ပြီး ရှောင်ရှားနိုင်စေရန် ရည်ရွယ်ပြီး မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေး အသိပညာပေး နံရံကပ်ဘုတ် ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးတွင်းနံရံကပ်ဘုတ်များတွင် အသိပညာပေး ပြသဆောင်ရွက်ကြကြောင်း သိရှိရသည်။
ပွင့်လင်းရာသီရောက်ရှိသဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ
Dec 22,2021
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ စည်ပင်သာယာပိုင်ရွာတန်း တိုက်နယ်ဈေးကြီးတွင် ပွင့်လင်းရာသီရောက်ရှိသဖြင့် မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကာယဉာဏ စွမ်းရည်ပြိုင်ပွဲများ သိမ်ကြီးမြို့ (Community Centre) တွင်ကျင်းပ
Dec 22,2021
(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကာယဉာဏ စွမ်းရည် ပြိုင်ပွဲ များကို မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထု အခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀နာရီက ပြိုင်ပွဲများ ကျင်းပသည်။
ဆင်ပေါင်ဝဲမြို့တွင် ကိုဗစ် - ၁၉ မျိုးကွဲသစ်အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Dec 22,2021
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး နည်လမ်းများအား ယမန်နေ့ ညနေ (၃)နာရီ က အင်းကြားကျေးရွာအတွင်း၌ လှည့်လည်နှိုးဆော်ခဲ့သည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပ
Dec 22,2021
၂၀၂၂ ခုနှစ် ဇန်နဝ်ရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အခြေခံပညာ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က စုရပ်အသီးသီး၌ ကျင်းပခဲ့ကြသည်။
နတ်မောက်မြို့နယ် အုတ်ဖိုကျေးရွာရှိ အိမ်ထောင်စု (၂၀)စုအား အခြေခံစားသောက်ကုန်များလှူဒါန်း
Dec 22,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိတ်ဓါတ်ဖြူစင်ကရုဏာရှင်လူမှုကူညီရေးအသင်းနှင့် မေတ္တာမီးအိမ် ပရဟိတအသင်းတို့ပူးပေါင်းပြီး ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းမှ လှူဒါန်းကူညီသည့် ဆန်၊ ဆီတို့ကို ယမန်နေ့နံနက် (၁၀)နာရီအချိန်ခန့် က နတ်မောက်မြို့နယ်၊ ဝါးရုံကုန်းကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာရှိ အိမ်ထောင်စု(၂၀)စု အား အခြေခံစားသောက်ကုန်များ လှူဒါန်းပေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံ
Dec 22,2021
ရန်ကုန်‌တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူ၏ ရင်တွင်းစကားသံများကို ဖော်ပြပေးလိုက်သည်။