(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကာယဉာဏ စွမ်းရည်ပြိုင်ပွဲများ သိမ်ကြီးမြို့ (Community Centre) တွင်ကျင်းပ

ပုသိမ်ကြီး ဒီဇင်ဘာ  ၂၂

(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကာယဉာဏစွမ်းရည် ပြိုင်ပွဲများကို မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ပြိုင်ပွဲများ ကျင်းပသည်။

အဆိုပါ ပြိုင်ပွဲတွင် ပုသိမ်ကြီးအထကမှ ကျောင်းသား/ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲများမှာ ပူဖောင်းဖောက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဂုံနီအိတ်စွတ်ပြိုင်ပွဲတို့ကို ကျင်းပခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင်များအား အလှူရှင် ဦးမျိုးဝင်းနိုင်+ဒေါ်ကြူကြူလွင် (မိသားစု)မှ လှူဒါန်းသည့် ပစ္စည်းများအား မြို့နယ်ပြန်/ဆက် ဦးစီးမှူးမှ အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။

ပြိုင်ပွဲသို့  မြို့နယ်ပြန်/ဆက် ဦးစီးမှူး  ဒေါ်ကြည်ကြည်နွဲ့နှင့် ဝန်ထမ်းများ၊ ပုသိမ်ကြီးအထကမှ အလယ်တန်းပြဆရာမ ဒေါ်သဲအေးသန့်ဇင်နှင့် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို