ဖျာပုံ ဒီဇင်ဘာ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူငယ်၊ လူရွယ်များအနေဖြင့် မူးယစ်ဆေး၏ ဆိုးကျိုးများကို သိရှိနားလည်ပြီး ရှောင်ရှားနိုင်စေရန် ရည်ရွယ်ပြီး မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေး အသိပညာပေး နံရံကပ်ဘုတ် ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးတွင်းနံရံကပ်ဘုတ်များတွင် အသိပညာပေး ပြသဆောင်ရွက်ကြကြောင်း သိရှိရသည်။
အဆိုပါ အသိပညာပေး နံရံကပ်ဘုတ်ပြသရာတွင် “မူးယစ်အန္တရာယ်ပြည့်ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းဆက်” ဟူသော ဆောင်ပုဒ်နှင့်အညီ လူငယ်လူရွယ်များအနေဖြင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိစေရန် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာ ဥပဒေနှင့် ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးသုံးစွဲသူများ၏ သွင်ပြင်လက္ခဏာများနှင့် တွေ့ကြုံ ခံစားရမည့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးလက္ခဏာများကို အသိပညာပေး ပြသဆောင်ရွက်ထားကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်