သတင်းများ

ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြရန် လိုက်လံနှိုးဆော်
Dec 22,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron)ရောဂါပိုး ကူးစက်မှုမရှိစေရေးအတွက်  ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက  ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။
မြောင်းမြမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
Dec 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀:၀၀)နာရီက မြောင်းမြခရိုင် စိုက်ပျိုးရေးဦးစီးဋ္ဌာနသို့ သွား‌ရောက်ဆောင်ရွက် ပေးခဲ့သည်။
ကာလိမြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် ဖော်ဆောင်မှု မှတ်တမ်းဓာတ်ပုံများအား ပြသဆောင်ရွက်
Dec 22,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ကာလိမြို့ရုံး၌ဒီဇင်ဘာလ (၂၂)ရက်နေ့  ယနေ့နံနက်ပိုင်းက နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် မှတ်တမ်းဓာတ်ပုံများကို ပြသ ထားကြောင်း သိရသည်။
မြဝတီမြို့၌ အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာများ ထုတ်ပေးလျက်ရှိ
Dec 22,2021
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အငြိမ်းစားဝန်ထမ်းများအား  ပင်စင်လစာများကို  ယမန်နေ့မှစတင်၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ မြန်မာ့စီးပွားရေးဘဏ်၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကော့ကရိတ်မြို့၌ ကိုဗစ် - ၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(omicron ) ရောဂါ ကြိုတင် ကာကွယ်ရေး မြန်မာ၊ ပိုးကရင် နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Dec 22,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ  ကြိုတင်ကာကွယ်ရေးကို  ပြည်သူများအနေဖြင့် ကျယ်ကျယ်​ပြန့်ပြန့် သိရှိစေရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ပူးပေါင်းပါဝင်နိုင်ရန်အတွက် မြန်မာ၊ ပိုးကရင် နှစ်ဘာသာတို့ဖြင့် ယနေ့ နံနက် (၉)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား တတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Dec 22,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား တတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က စတင်၍ တောင်သာ အ.ထ.က ကျောင်း နဝရတ်ခန်းမနှင့် စုရပ် (၃) နေရာအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တာမွေမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ
Dec 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော (၇၄)နှစ်မြောက် လွတ်လပ် ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူ လေးများ စိတ်ပါ ဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
ဟင်္သာတခရိုင် ပြန်ဆက်ရုံးတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ Talk Show ကျင်းပ
Dec 22,2021
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀)နာရီက ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။